generals
The deputy and the deposed: is this really the end of Sr. Gen Than Shwe?
For thirteen years, Sr. Gen Than Shwe and his family stayed on top of the Burmese military government, featuring prominently in nightly news and steadfastly refusing to hand power to election winner National League for Democracy.

Now the man who joined the army at 20 has been forced to retire by Deputy Sr. Gen Maung Aye because of nepotism and corruption, according to sources close to the government.

News blackout?

The news has not been confirmed but a resident at the China-Burma border insists it is genuine, saying regional commanders and those close to high profile members of SPDC have been told.

Other sources at the Burmese border also says the armies have been barred from using wireless communication which could be intercepted, a sign that the army might be trying to suppress the news.

U Hein Naing tells BBC Burmese he heard it from a reliable source who has links to the high offices at SPDC.

Impossible to for him to stay

"Every Monday, there is a military council meeting. It is during this meeting that the "five-men group" led by Gen Maung Aye decided to retire U Than Shwe because it is now impossible for him to stay in office. The "group" concluded that the army could disintegrate if U Than Shwe continues as head of the state."

The "five-men group" led by Gen Maung Aye... concluded that the army could disintegrate if U Than Shwe continues as head of the state.
U Hein Naing

U Hein Naing says the "group" consists of Deputy Sr. Gen Maung Aye, Lt-Gen Thein Sein and Gen Shwe Man who is considered an ally of the deposed leader.

The decision stems from the need to protect the integrity of the army as Sr. Gen Than Shwe seems concerned only with himself and his cronies' interests, he says.

"Even in the army, only those close to him get anywhere. This has reached a stage where Gen Maung Aye feels he has to step in and stop it."

He heard that Sr. Gen Than Shwe is charged with helping, supporting and protecting U Tay Za's businesses. U Tay Za is a Burmese businessman rumoured to be close to the Senior General's family.

Nepotism or health problems?

"U Than Shwe doesn't accept his forced retirement. But he no longer has the backing of the army and the group trying to depose him now has more power so I heard he had to agree."

U Than Shwe doesn't accept his forced retirement. But he no longer has the backing of the army.
U Hein Naing

Meanwhile, life in the capital continues to be normal. Very few people are aware of the latest news.

Rangoon watchers say the retirement could be a result of Sr. Gen Than Shwe's deteriorating health condition. They say the tight security at No (2) Military Hospital in central Rangoon since yesterday indicates he is in poor health.


http://www.bbc.co.uk/burmese/highlights/story/2005/08/050823_thanshwedeposed.shtml

[More]
ဇူလိုင် ၁၄၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၄)။ ။၁၀ရက်၊ ဂျူလိုင်၊ ၂၀၀၉ နေ့စွဲဖြင့်ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ လက်ရှိစစ်အစိုးရ၏ ကယန်းတိုင်းရင်းသားများ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေမှုအပေါ် အမြင်သဘောထားတစ်ရပ်ကို ထုတ်ပြန်ကြေညာ ခဲ့ရာ အောက်ပါအတိုင်း အပြည့်အစုံ ဖေါ်ပြအပ်ပါသည်။


ကယန်းပြည်သူလူထု၏ ဘဝလုံခြုံမှု ထိခိုက်နေခြင်း ၊ လျစ်လျူရှုခံနေရခြင်းနှင့် စပ်လျဉ်းးသည့်
သတင်းအချက်အလက်များအပေါ် ကယန်းမျိုးဆက်သစ်လူငယ်၏ အမြင်သဘောထားလတ်တလော ဖြစ်ရပ်များ

ဇွန်လ (၁၈) ရက်နေ့တွင် ကယန်းဒေသ၏ ဖယ်ခုံမြို့အရှေ့ဘက်ကမ်း လွိုင်စတီကျေးရွာအနီး ပတ်ဝန်းကျင်တွင် ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့) ၏ ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် (၅)ဦးခန့် ရောက်ရှိလှုပ်ရှား နေကြောင်း နအဖ ထောက်လှမ်းရေးမှ သတင်းရရှိခဲ့ပြီး ဖယ်ခုံမြို့အခြေစိုက် စကခ(၇)မှစစ်ဆင်ရေး တစ်ရပ်ပြု လုပ်ခဲ့သဖြင့် အပြန်လှန် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုစစ်ဆင်ရေးအား ခလရ(၃၃၆)၏ တပ်ရင်းမှူး ဗိုလ်မှူးနိုင်ဦးက စစ် ကြောင်းမှူးအဖြစ် ဦးဆောင်ခဲ့ပြီး (၃၃၆)၊ (၄၂၁)နှင့် (၄၂၂) ခြေလျင်တပ်ရင်းတို့မှ တပ်သား(၇၀)ခန့် ပါဝင် ခဲ့သည်။ တိုက်ပွဲ အတွင်း နှစ်ဖက်လုံး အကျအဆုံးနှင့် ဒဏ်ရာရသူများရှိခဲ့ပြီး နအဖမှ ရလလဖ ခွဲထွက်အဖွဲ့၏ တပ်သားအချို့ကို ဖမ်းဆီးရမိကြောင်း သိရပါသည်။

ထိုတိုက်ပွဲအပြီးတွင် ထိုအနီးနားတဝိုက်ရှိ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ၊ လွိုင်စတီကျေးရွာ နှင့် ပေါင်းလောင်းရွာ အပါအဝင် နန်းဟီးကျေးရွာအုပ်စု အတွင်း စကခ(၇)မှ G-2 ဖြစ်သူ ဗိုလ်မှူးကြီး ကျော်စန်းဝင်း စစ်ကြောင်းမှူးအဖြစ် ဦးဆောင်သော ခလရ(၃၃၆)နှင့် ခလရ (၄၂၁)မှ တပ်သား (၄၀)ခန့်သည် နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ကျေးရွာနေလူထုများအား လိုက်လံ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရလလဖ ခွဲထွက်အဖွဲ့မှ တပ်သားများ မိမိတို့ရွာအနီးနားတွင် နေရာယူ၊ သွားလာ၊ လှုပ်ရှားနေသည်ကို နအဖ၏တပ် များအား တစ်စုံတစ်ရာ သတင်းမပေးခဲ့မှုကို အကြောင်းပြပြီး လွိုင်စတီကျေးရွာနှင့် ပေါင်းလောင်းကျေးရွာမှ ရွာသူ ရွာသားများအား ဖမ်းဆီး၊ ရိုက်နှက်ခြင်းများနှင့် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။

ယောကျာင်္းဖြစ်သော ရွာသားများအား နံနက် (၈)နာရီမှ ည(၈)နာရီအထိ လမ်းပေါ်တွင် ပြားပြားဝပ် မှောက်အိပ်ခိုင်း ထားကာ တဦးချင်းဆွဲထုတ်၍ သေနတ်၊ တုတ်များဖြင့် ထုထောင်းရိုက်နက်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးများကို
အိမ် တစ်လုံးထဲတွင် သော့ခတ်ပိတ်ထားခဲ့ပါသည်။ ရွာအတွင်းရှိ အိမ်များကိုလည်း တစ်အိမ်တက်တအိမ်ဆင်း မွေနှောက် ရှာဖွေကာ တွေ့ရှိသော ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို သိမ်းယူသွားခဲ့သည်။ ထိုမျှမကပဲ မွေးမြူထားသော ကြက်၊ ဝက်၊ ကျွဲ၊ နွား များကို သတ်ဖြတ်ယူသွားပြီး ဈေးဆိုင်များရှိ ဘီယာ၊ အရက်စသည့် အစားအသောက် ပစ္စည်းများကို နအဖ တပ်သားများ အလိုကျ သိမ်းယူစားသောက်ခဲ့ကြသည်။

ထိုလူမဆန်သော လုပ်ရပ်များကို ကျေးရွာလူထုက နန်းဟီးကျေးရွာအုပ်စု၏ ရယက ဥက္ကဌဖြစ်သူ ဦးမောင်ထွန်း အား တိုင်တန်းခဲ့ပြီး ရယကဥက္ကဌမှ ထိုလုပ်ရပ်များကို ဆက်လက်မပြုလုပ်ကြပါရန် နအဖ စစ်တပ်သားများအား လာရောက် ပန်ကြားရာ ရယကဥက္ကဌ ဦးမောင်ထွန်းကို ခြေလက်တွင် ကြိုးတုတ်ပြီး ဦးခေါင်းမြေစိုက်ပုံစံဖြင့် လူကို ပြောင်းပြန်ချိတ် ကာ ထုထောင်းရိုက်နှက်ခဲ့သည်။ ၎င်းအပြင် လွိုင်စတီကျေးရွာမှ ဦးမောင်တန်အား သူပုန်များကို လက်ခံကျွေးမွေးခဲ့ သည်ဟု စွပ်စွဲပြီးထောင်ဒဏ် (၁၀)နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ်ပေးမည်ဟု အာဏာပိုင်များမှ ပြောဆိုပြီး ခလရ (၃၃၆)တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။

ယနေ့အထိ ဖယ်ခုံမြို့အခြေစိုက် ခလရ (၃၃၆)တပ်ရင်း၌ နန်းဟီးကျေးရွာအုပ်စု ရယကဥက္ကဌ ဦးမောင်ထွန်း၊ ဦးမောင်တန်နှစ်ဦး အပါအဝင် ပေါင်းလောင်းရွာနှင့် လွိုင်စတီကျေးရွာမှ ရွာသား (၁၈)ဦးခန့်အား ဖမ်းဆီးစစ်ဆေး ပြီး နေ့စဉ်ရက်ဆက်ညှင်းပန်း နှိပ်စက်နေဆဲပင်ဖြစ်သည်။

ထိုကဲ့သို့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးဟု အကြောင်းပြပြီး တိုက်ပွဲဖြစ်ပွားခဲ့သော (၁၈)ရက်နေ့မှ (၂၄)ရက် နေ့ အထိ ပေါ်တာဆွဲခြင်းများ၊ နှိပ်စက်ညှင်းပန်းခြင်းများအား ဖယ်ခုံမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ
ဖယ်ခုံမြို့ မြောက်ဘက်ပိုင်း ကုန်းဆုံရွာ စသည်တို့တွင် နအဖတပ်များမှ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး နောက်ပိုင်း (၃၀)ရက် နေ့အထိလည်း အချို့ရွာများတွင် ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ နောက်ပိုင်းတွင်မူ ထိုဒေသ တဝိုက်ရှိ ကျေး ရွားပေါင်း (၁၀)ရွာကျော်တွင် နအဖတပ်များ ဆက်လက်တပ်စွဲထားပြီး ရွားသားများ၏ သွားလာမှုများကို တင်းကြပ်စွာ ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။

အထက်ပါ အဖြစ်ပျက်များကြောင့် ထိတ်လန့်ခြောက်ခြားသွားခဲ့ပြီး ပေါင်းလောင်းနှင့် လွိုင်စတီရွာမှ ထွက်ပြေးတိမ်း ရှောင်သွားသည့် မိသားစုလည်းအများပြားပင်ရှိခဲ့ပြီး အခြားဒေသရှိ ကယန်းလူထုများသည်လည်း စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်နေဆဲပင်ဖြစ်သည်။

ဒေသတွင်း အဖွဲ့အစည်းများ၏ တုန့်ပြန်မှုများ ကင်းမဲ့ခြင်း

တိုက်ပွဲများနှင့် နောက်ဆက်တွဲ လူမဆန်စွာညှင်းပန်းနှိပ်စက်ခြင်းများ ဖြစ်ပွားခဲ့သည့် ဒေသသည် (၁၉၉၄)ခုနှစ် တွင် စစ်အစိုးရနှင့် စတင်အပစ်ခတ်ရပ်စဲထားသော ကယန်းပြည်သစ်ပါတီ၏ ထိန်းချုပ်ဒေသပင်ဖြစ်သည်။ သို့သော်လည်း ကယန်းပြည်သစ်ပါတီအနေနှင့် ထိုဖြစ်ရပ်များအပေါ်တွင် စစ်အစိုးရနှင့်သော်လည်းကောင်း၊ ပြည်သူလူထုနှင့်သော် လည်းကောင်း တစ်စုံတစ်ရာ ဆွေးနွေးခြင်း၊ ကူညီဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များသည်လည်းတစ်စုံတစ်ရာပင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မမြင်တွေ့ ရပေ။ ထိုဒေသအတွင်းလှုပ်ရှားနေသော ကုလသမဂ္ဂလက်အောက်ခံ အသင်းအဖွဲ့များဖြစ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP)၊ ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ (UNICEF)စသည့် အသင်း အဖွဲ့များလည်း တစ်စုံတစ်ရာ ကူညီပေးခြင်း၊ မှတ်တမ်းတင် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်ခဲ့ချေ။

မိမိတို့လူငယ်၏ အမြင်သဘောထား

ယနေ့ကယန်းဒေသတစ်ခုလုံးသည် နအဖစစ်အစိုးရမှပြောဆိုနေသည့်တရားဥပဒေစိုးမိုးမှုနှင့် အေးချမ်းတည်ငြိမ်မှု လုံးဝမရှိပေ။ ယခုအဖြစ်ပျက်များသည် နအဖစစ်အစိုးရမှ တိုင်းရင်းသားလူမျိုးများအပေါ်တွင် လူမျိုးပြုန်းသတ်ဖြတ် မှုကို အစီစဉ်ရှိရှိ ဆောင်ရွက်နေသည့် ဥပမာ သာဓကပင်ဖြစ်သည်။ နိုင်ငံတော်တာဝန်ကြီး(၃)ရပ်တွင် နအဖ စစ်အစိုးရ မှ ကြွေးကြော်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟူသောအချက်နှင့် ဆန့်ကျင်ဘက်သာ ဖြစ်သည်။

ကယန်းဒေသတစ်ခုလုံးသည် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကယန်းအမျိုးသားကာကွယ်ရေးအဖွဲ့ (KNG) စသည့်အဖွဲ့အစည်းများသည် စစ်အစိုးရနှင့်(၁၉၉၂)နောက်ပိုင်းတွင် အပစ်ခတ်ရပ်စဲထားပြီးဖြစ်ရာ ငြိမ်းချမ်းရေး နယ်မြေ အဖြစ် နအဖစစ်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါ်ဆိုလာခဲ့ကြသည်။ သို့သော်ယခုဖြစ်ရပ် များသည် ငြိမ်း ချမ်းရေး၏ လက္ခဏာများမဟုတ်သည်မှာ အသေချာပင်။

ကုလသမဂ္ဂလက်အောက်ခံအသင်းအဖွဲ့များ၊ နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs)နှင့် ဘာသာ ရေးအသင်းအဖွဲ့များမှ တရားဝင်သွားလာလှုပ်ရှားကာ လူထုကူညီထောက်ပံ့ရေး အစီစဉ်များကို ဆောင်ရွက်လျက်ရှိ ကြောင်း ပြောဆိုလေ့ရှိသော်လည်း ယခုဖြစ်ရပ်များအပေါ်တွင် တာဝန်ယူမှုကင်းမဲ့ခဲ့ကြသည်။

ထို့ကြောင့် ယနေ့ကယန်းလူထုတစ်ရပ်လုံးသည် လုံခြုံမှုကင်းမဲ့သော အခြေနေဆိုးအောက်တွင် လူအခွင့်အရေးချိုး ဖောက်မှုများကိုသာ နေ့စဉ်ခံစားရင်း ကျီးလန့်စာစားဘဝဖြင့်ပင် အသက်ရှင်နေရကြရသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။

နအဖ စစ်အစိုးရမှ ယခုကဲ့သို့ ရက်စက်မှုများဖြင့် လူထုအပေါ်တွင် ပြုမူဆက်ဆံနေခြင်းသည် လူထု၏မုန်းတီးမှုကို ဖန်တီးရယူခြင်းပင် ဖြစ်သည်။ လာမည့် (၂၀၁၀)တွင် ကျင်းပမည်ဟုပြောဆိုထားသော နအဖ၏ ရွှေးကောက်ပွဲနှင့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် လူထု၏အယုံကြည်ကင်းမဲ့မှုသည်သာ များပြားလာခဲ့ပြီဖြစ်သည်။ စစ်အစိုး ရ၏ အစိုးရလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် သာမာန်လူထုများ အကြားရှိ အမြင်တိမ်းစောင်းမှု သည်လည်း ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ထိပ်တိုက်ရန်လိုမှုများ ဖြစ်ပေါ်လာမည်မှာ အသေ ချာပင်။

ယခုအဖြစ်အပျက်အပါဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်ရေးချိုးဖောက်မှုများသည်
နိုင်ငံ တော်အာဏာအား မတရားရယူထားသော နအဖ စစ်အစိုးရတွင် တာဝန်အရှိဆုံးဖြစ်ပြီး စနစ်ဆိုး၏အဓိက တရားခံ ပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းသော ကာလတွင် နအဖ စစ်အစိုးရနှင့်အပေါင်းပါ များအား လူ ထုရှေ့တွင် တရားစီရင်ခြင်းကို ခံစားရပေလိမ့်မည်။

လူထုအား တိုက်တွန်းချက်

ယခုအဖြစ်အပျက်အား ဥပမာထားပြီး လေ့လာမှုပြုသောအခါ လူထုအခွင့်အရေးအတွက် အကာကွယ်ပေးမည့်အဖွဲ့ အစည်းများ ယနေ့ကာလတွင် မရှိကြောင်းအထင်ရှားပင် မြင်တွေ့နေရပါသည်။ ထို့ကြောင့် လူထုအခွင့်ရေးကို
ကာကွယ်ရန် လူထုကိုယ်တိုင်ပင် တာဝန်သိသိဆောင်ရွက်ရပေတော့မည်။

အရေးကြီးသည်မှာ စည်းလုံးညီညွတ်မှု၊ နားလည်မှုနှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုများတည်ဆောက်ရန် လိုအပ် ပါသည်။ ယခုအဖြစ်ပျက်များကဲ့သို့သော နာကျဉ်းဖွယ်ရာကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန် အမှန်တရားအား ဖော်ထုတ်ပြီး အမှန်တရားအတွက် ရှေ့လျောက်အနာဂါတ်တွင် အသက်ပေး ရပ်တည်သွားကြရန် လိုအပ်နေပြီ ဖြစ်သည်။


သတင်းနှင့် ပြန်ကြားရေး
ကယန်းမျိုးဆက်သစ်လူငယ်

(၁၀ရက်၊ ဂျူလိုင်၊ ၂၀၀၉)

[More]

A Russian-backed mining project in Burma’s war-torn Shan State will permanently destroy the homes and farmlands of 7,000 Pa-O villagers, according to a new report by the Pa-O Youth Organization (PYO).


Russian and Italian engineering companies are reportedly working together to develop a massive iron ore mine that will “decimate” Mount Pinpet or “Pinetree Mountain” in the eastern Burmese state of Shan.


The project could destroy 25 villages, permanently displacing 7,000 ethnic Pa-O’s from their traditional farmlands. Another 35,000 people who rely on the Thabet watershed on the eastern side of the mountain may also be impacted.


“Fifty people have already been forced to move and were not adequately compensated,” notes the “Robbing the Future” report. “The confiscation of vital farmlands has begun.”


And so has travel restrictions, thanks to a gated wall now stretching across the main road, surrounding the nearby iron processing plant. The wall stands ten feet high, just in front of some underground bunkers.


The gate is only open for 12 hours a day, but even then there’s no guarantee the villagers will be allowed to pass by unless the security guards let them. “Villagers who attempt to pass through the gates after closing or without permission have faced abuse” from the guards, according to the report.


Food Insecurity and fuel shortages is another major concern. For the past two years all 25 villages have been prohibited from collecting anything from the mountain, whether it’s wood or medicinal plants..Factory workers and soldiers are also known to steal food from the villagers.


Water may become the next big sacrifice – once the mine and processing plant is fully operational. “Villagers fear that pollution from the mines could damage the Thabet stream, potentially making fish toxic and in turn destroy crops that depend on the stream for irrigation.”


In addition, the project threatens to “radically alter” the environment, “decimate” the Pinetree Mountain, and cause rampant deforestation and loss of habitat.


For details on these an all other concerns about the Pinpet mining project, download the PYO’s report. You can do so at their website, paoyouthorganization.blogspot.com


Shrouded in Secrecy

As daunting as these concerns are, at the moment they are being overshadowed by the secretive nature of the project. “They are hiding what they’re doing behind walls and fences, but we will be the ones to suffer the effects of these projects”, says Khun Chan Khe, a spokesperson from the PYO.


It’s leading to a lot of speculation that we might not even be talking about an iron project. It might be uranium. Or both.


“Robbing the Future” mentions a recent announcement from Burma’s Ministry of Energy that there are five uranium deposits in the country. Pinpet was not mentioned as one of the sites, but several villagers have stated that uranium is located southwest of the village of Leng Ngock, on the edge of the mountain. Several villagers have also reported servicemen claiming the factory will be used to process both iron and uranium. A military camp has been set up on the mountain.


Then there’s the May 2007 announcement from ROSATOM, the Russian Atomic Energy Agency, stating it had “reached a deal for ‘cooperation in the design and construction in Myanmar of a centre for nuclear research… including a nuclear reactor.’ The announcement came about one year after the Russian-based steel company Tyazhpromexport (TPE) announced it was backing the Pinpet factory.


There is more speculation and rumor, all of which is being “compounded by growing evidence that Burma is strengthening its ties with North Korea, who last month successfully tested a nuclear bomb,” says the Democratic Voice of Burma.


While none of the speculation has been confirmed, “Villagers are extremely worried and fearful” that, in addition to their own displacement, their loss of culture and livelihood, not to mention the abuses, food shortages, and environmental destruction—they may also have to face radioactive contamination.


http://intercontinentalcry.org/secretive-russia-burma-mine-will-displace-thousands/comment-page-1/#comment-3828


Download the report at paoyouthorganization.blogspot.com »

[More]

By KHUN CHAN KHE

The UN Secretary General Ban Ki-moon’s controversial two-day trip to military-ruled Burma to discuss the continued detention of Aung San Suu Kyi and conditions in the country prior to the 2010 elections has been widely criticized as a failure. Eight previous diplomatic visits by UN envoy Ibrahim Gambari also failed to dent the intransigence of the military regime.


However, the reason for the UN’s inability to effect positive change in Burma has less to do with these failed diplomatic visits than with the remaining obstacles at the UN Security Council.


Conventional wisdom suggests that China’s permanent seat on the Security Council and its policy of non-interference in Burma, a policy no doubt underscored by Chinas well-documented interest in maintaining access to Burma’s natural resources, has prevented effective UN action on Burma.


Much less attention, however, has been paid to the obstacle posed by Russia. Like China, Russia has a permanent seat on the Security Council and also blocked a 2007 UN draft resolution that would have applied enormous pressure on the regime. Russia also has interests in Burma’s natural resources, and perhaps in cooperating with the regime’s increasingly public nuclear ambitions.


Since 2006, I have been monitoring an iron ore mining project unfolding around my village in a remote ethnic Pa-O area in war torn Shan State, led by the state-owned Russian company Tyazhpromexport.


The company has invested upwards of US$150 million and is constructing an iron processing plant only 10 kilometers from the Burmese Army’s Eastern Command. This command is responsible for fighting in several areas of Shan State, and Burmese army soldiers have raped, beaten, mutilated, tortured and murdered civilians in their ongoing suppression of ethnic minorities. I, my colleagues, and other organizations have documented these abuses.


The Russian processing plant, which is sited in the Hopone Valley located at the east of the Shan State capital of Taunggyi, is expected to be completed by the end of the year. It is equipped with underground bunkers and is surrounded by two ten-feet-high cement walls and barbed wire.


The direct impact of the project has already been severe: 55 people have been forcibly relocated out of three villages to make way for the factory, and 11,000 acres of farmlands have been confiscated by local authorities on behalf of the company. Complaints by the villagers to local government offices were summarily dismissed.


Preparations for the first of a series of open pit mines in the area by Tyazhpromexport have also begun. Barring a radical change in the way the regime and its corporate partners do business, the forced relocation of approximately 7,000 ethnic Pa-O people living directly around the site is all but certain.


Erosion and the release of mining waste into our main water source, the Thabet Stream, is also a serious concern. This would affect 35,000 people downstream. The company is already diverting the stream to their factory, leading to unusually low water levels this year.


However, there is an even more serious aspect to this operation. In May 2007, one year after Tyazhpromexport declared its involvement in the iron ore project, Russia’s atomic energy agency Rosatom announced that it had reached a deal for cooperation with the Burmese regime on a nuclear program. No further information about this nuclear cooperation has been made public, but suspicions are rife that it is linked to the Hopone Valley mining project.


Local people in my community are worried. Uranium occurs naturally alongside iron ore and the military regime’s Ministry of Energy has acknowledged the existence of uranium deposits in Burma. Extreme travel restrictions have been imposed against local people by the Burma Army around the iron project, and there has been an almost complete lack of public information about the project, to a degree unusual even for the reclusive Burmese regime. Local villagers have quietly heard from staff insiders that the factory will be used to process both iron and uranium.


The Burmese regime’s nuclear ambitions are no secret. For years it has been sending students to Russia to study nuclear technology, and it has normalized relations with North Korea, the world's problem child playing with nuclear arms, despite a problematic history between the two nations. Recently, The US tracked a North Korean ship that was thought to be headed for Burma’s shores with arms and ammunitions, in violation of a UN Security resolution against Pyongyang. The vessel turned around and returned to North Korea.

Japanese authorities arrested three men in June for allegedly attempting to send weapons-making technology to Burma at the behest of North Korean agents, and photos have been distributed showing an intricate tunnel system throughout Burma being constructed with North Korea’s help.


The idea that a Russian firm might be quietly mining uranium in the country is by no means so far-fetched.


Whatever the case, the widespread human rights abuses connected to the project are no less worrying.


We don’t expect Ban Ki-moon’s visit to change our plight in any significant way. What is really needed is a way to subvert the so-called policies of “non-interference” at the UN Security Council so it can do its job to protect against the military regime’s ongoing threats to international peace and security.


Khun Chan Khe is an ethnic Pa-O and the General Secretary of the Thailand-based Pa-O Youth Organization (PYO). Recently the PYO released firsthand documentation on the Russian-led mining project in a report entitled “Robbing the Future.”


http://www.irrawaddy.org/opinion_story.php?art_id=16296

[More]
Thursday, 02 Jul 2009

Burma Newscasts reported that Russian and Italian engineering companies are reported to be involved in the development of a huge iron ore mine in Burma’s eastern Shan state that campaigners say could displace more than 7,000 homes.

The already volatile Shan state is home to Burma’s second largest iron ore deposit, on the site of Mount Pinpet. Excavation of the site began in 2004, and work includes the conversion of around 11,000 acres of surrounding land for construction of a cement factory and iron processing plant.

The Pa-O Youth Organization in a report released said that more than 25 villages’ home to around 7000 mainly ethnic Pa-O people could be destroyed by the Pinpet Mining Project.

Robbing the Future report said that “Fifty people have already been forced to move and were not adequately compensated. The confiscation of vital farmlands has begun, leaving over 100 families without the primary source of their livelihood and sustenance.”

Mr Khun Ko Wein spokesperson from PYO said that villagers had very little, if any input on the plans for the project. He said that “The government doesn’t talk to the villagers, they don’t negotiate with the villagers regarding plans for the mining project, and they don’t really discuss in advance what they are going to do.”

The report points to Russian company Tyazhpromexport as being the major foreign investor in the Pinpet Iron Factory, with USD 150 million so far channeled into the project.

Another concern of PYO’s is the link between the Pinpet mine and rumors that Burma is mining uranium, a key ingredient for nuclear weaponry.

According to the report, Burma’s Ministry of Energy has officially announced the presence of five uranium deposits in the country, although has not publicly stated that these will be mined. Speculation that uranium exists near the Pinpet site has added fuel to the rumors, with some locals fearing that the mine could be being used as a cover to exploit and refine uranium. Such rumors have been further compounded by growing evidence that Burma is strengthening its ties with North Korea, who last month successfully tested a nuclear bomb.

http://steelguru.com/news/index/2009/07/02/MTAwNzU1/Iron_ore_mine_could_destroy_7000_in_Shan_state_of_Myanmar.html
[More]

စစ်အစိုးရ၏ သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် ပြည်သူ့အိုးအိမ် (၇) ထောင်ကျော် ပျက်စီးဆုံးရှုံးကိန်းဆိုက်


ဝီရ / ၃၀ ဇွန် ၂၀၀၉

နအဖစစ်အစိုးရက ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ကြီးမြို့အနီး(၈) မိုင်ပတ်လည် ကျယ်ပြန့်သော ပင်းပက်တောင်ကြောတခုလုံးအား သတ္တုရိုင်း တူးဖော်ထုတ်လုပ်မည့် စီမံကိန်းကြောင့် ထိုဒေသရှိ ပြည်သူ (၇) ထောင်ကျော်၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရလိမ့်မည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက ပြောဆိုသည်။

“ဒီပင်းပက်တောင် သတ္တုတွင်း တူးဖော်တဲ့စီမံကိန်းကြောင့် ပြည်သူတွေရဲ့စိုက်ပျိုးမြေ ဧက (၁) သောင်းကျော် အသိမ်းခံလိုက်ရတယ်။ လူဦးရေ (၇) ထောင်ကျော် ရွှေ့ပြောင်းခံရတော့မယ်။ မြေယာ အသိမ်းခံရတဲ့သူတွေကိုလည်း လုံလောက်တဲ့ နစ်နာကြေးမျိုး ပေးတာမဟုတ်ဘူး။ ၂၀၀၆ ခုနှစ်အစပိုင်းက အသိမ်းခံလိုက်ရတဲ့ မြေယာတွေကို လျော်ကြေးအနေနဲ့ ကျပ် (၁) သိန်းကနေ (၂) သိန်းပေးပြီး ပြန်လည် နေရာချပေးထားတာလည်း မရှိခဲ့ဘူး။ ဒီ ၂၀၀၈ နောက်ပိုင်းက မြေယာ အသိမ်းခံလိုက်ရတဲ့ ပြည်သူတွေက ဘာလျော်ကြေးမှလည်း မခံစားရဘူး။ နောက်ပြီး အဲဒီဒေသက ပြည်သူတွေကို မြေယာသိမ်းတဲ့အကြောင်းတို့၊ စီမံကိန်းအကြောင်းတို့ကို အသိပေးတာလည်း မရှိခဲ့ပါဘူး” ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ပြောကြားသည်။

ပအိုဝ်းလူငယ်အစည်းအရုံးက အဆိုပါပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ (၃) နှစ်ကြာ လေ့လာစစ်တမ်းကောက်ယူပြီး ယင်းစီမံကိန်းကြောင့် ထိုဒေသတဝိုက်ရှိ ပအိုဝ်းပြည်သူတို့၏ အိုးအိမ် ဆုံးရှုံးနစ်နာမှု များအား ဖော်ပြထားသည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” ဟူသော အစီရင်ခံစာအား ဇွန်လ (၂၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခွန်ချန်ကီက “အဲဒီဒေသက စစ်တပ်အာဏာပိုင်တွေ မြေယာသိမ်းနေတာလည်း (၂) မျိုးရှိတယ်။ ကိုယ့်မြေယာမှာ အဝါရောင်အလံ လာစိုက်ထားရင် မြေယာကို သိမ်းပိုက်ပြီးသားဆိုတဲ့ သဘောပဲ။ ဒါပေမယ့် ကိုယ့်မြေယာပေါ်မှာ ဆက်ပြီး လုပ်ကိုင်ခွင့်၊ စိုက်ပျိုးခွင့်တော့ ရှိသေးတယ်။ အနီရောင်အလံ လာစိုက်ထားပြီးဆိုရင်တော့ အပြီးအပိုင် သိမ်းလိုက်ပြီဆိုတဲ့သဘောပဲ။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ တခါတည်း အခြားနေရာ ရွှေ့ပြောင်းတော့ပေါ့။ အဲဒါ အာဏာပိုင်တွေ လာအသိပေးတဲ့နည်းလမ်းပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၂၀၀၆ ခုနှစ်က တဖန်စတင်ခဲ့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သတ္တုရိုင်းသိုက်ကြီး ဖြစ်သည့် ပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းကို စစ်အစိုးရက ရုရှားနိုင်ငံပိုင် Tyazhpromexport အမည်ရှိ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်မည်ဖြစ်သည်။ အုတ်နံရံနှစ်ထပ်၊ သံဆူးကြိုးတထပ် ကာရံထားပြီး မြေအောက်ဥမင်များ ရှိသည့် သံရည်ကျိုစက်ရုံတရုံလည်း တည်ဆောက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုံအတွက် ချောင်းရေကို သွယ်ယူအသုံးပြုနေခြင်းကြောင့် ယင်းစီမံကိန်းလွင်ပြည်တဝိုက်ရှိ သဘက်ချောင်း တလျှောက်နေ လူဦးရေ (၃၅,၀၀၀) ခန့်တို့သည် အသက်မွေးဝမ်းကျောင်းမှုအတွက် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေပြီး ယခုနှစ်တွင် ချောင်းရေလျော့နည်း နိမ့်ကျလာနေကြောင်း ခွန်ချန်ကီက ပြောသည်။

အဆိုပါ စီမံကိန်းတွင် လုပ်ဆောင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းရပ်စဲသင့်ပြီး လူမှုရေးဆိုင်ရာ ဆိုးကျိုးသက် ရောက်မှုကို စနစ်တကျထိန်းသိမ်းပြုပြင်ပေးရန် ပအိုဝ်းလူငယ်အစည်းအရုံးက တောင်းဆိုထားသည်။

“နိုင်ငံတကာအင်အားစုတွေအနေနဲ့ အခုလို ရွှေ့ပြောင်းခံရသူတွေကို လုံလောက်တဲ့၊ တရားမျှတတဲ့ နစ်နာကြေး ရရှိနိုင်အောင် ဆောင်ရွက်ပေးကြဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် လူမှုဘဝတွေ ဆိုးကျိုးတွေ သက်ရောက်နေတာကို အနီးကပ် စောင့်ကြည့်လေ့လာပေးကြဖို့၊ ဒီစီမံကိန်းကို ရပ်ဆိုင်းထားဖို့ နအဖကို တောင်းဆိုလိုက်ပါတယ်” ဟု ခွန်ချန်ကီက ပြောသည်။


http://www.khitpyaingnews.org/news/june_09/30_6_09c.php
[More]
သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော
တနင်္လာနေ့၊ ဇွန်လ 29 2009 19:13 - မြန်မာစံတော်ချိန်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တနေရာ၌ စစ်အစိုးရနှင့် ပြည်တွင်း-ပြည်ပ ကုမ္ပဏီများ ပူးပေါင်း၍ သံရိုင်းသတ္တု တူးဖော်မည့် စီမံကိန်းကြောင့် ပအိုဝ်းပြည်သူများ၏ အိုးအိမ်များ ထောင်ချီ၍ ပျက်စီးဆုံးရုံးမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပအိုဝ်းလူငယ် အစည်းအရုံးက ပြောသည်။

တောင်ကြီးနှင့် ဟိုပုံးမြို့အနီး၌ “ပင်းပက်တောင် သံရိုင်းတူးဖော်ရေး စီမံကိန်း” သည် ဒေသတွင်းမှ ‘ပင်းပက်တောင်’ တခုလုံးကို တူးဖော်ထုတ်လုပ်ရန် ရည်ရွယ်ပြင်ဆင်နေပြီ ဖြစ်သဖြင့် တောင်ခြေနေ ကျေးရွာ ၂၅ ရွာမှ လူထု ၇ ထောင်ကျော်၏ အိုးအိမ်များ ပျက်စီးမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သတ္တုတွင်းကို မြေမျက်နှာပြင် အပွင့်တူးစနစ်နဲ့ တူးမှာဖြစ်တယ်။ ဥပမာ နောင်ကာကယ်၊ ပင်ငို၊ မဲုင်းဟဲုင်၊ လိုင်းငေါက်၊ နောင်ချို ရွာတို့ဆိုရင် တောင်ခြေမှာ ရှိတယ်ဗျ။ တောင်တူးရင် အဲဒီ ကျောက်တုန်းတွေလည်း လိမ့်ကျမယ်။ အခုတောင် လမ်းဖောက်ရုံပဲ ရှိသေးတယ် ကျောက်တုံးတွေ၊ မြေတွေ ပြိုကျလာတော့ မြေတူးသမားတွေ အလုပ်လုပ်နေရင် ရွာသားတွေက သူတို့ ခြံတွေကို မသွားရဲဘူး” ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO ပြောခွင့်ရသူ ခွန်ချန်ကီက မဇ္ဈိမကို ပြောသည်။

ယခုတွင်းကို (၁၉၆၁-၆၂) ခုနှစ် ကတည်းက တကြိမ်တူးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ရပ်တန့်သွားခဲ့ရာမှ ၁၉၉၂-၉၃ ခုနှစ်တွင် ပြန်တူးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် ၂၀၀၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၃ ခုနှစ်၌ ယခုစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့စဉ်က လုံခြုံရေးအတွက်ဟု အကြောင်းပြ၍ လျော်ကြေး မပေးဘဲ ပင်းပက်တောင်နှင့် တောင်ကြီးအကြားရှိ မဲတောင်ရွာသားများပိုင်သော စိုက်ပျိုးမြေ ဧက ၁၁၀၀၀ (တသောင်း တထောင်) ကို သိမ်းယူပြီး ၂၁၂ ဆက်သွယ်ရေး တပ်စခန်း တည်ဆောက်ခဲ့မှုကြောင့် မြေယာလက်လွတ်ခဲ့ရသဖြင့် နေရာပြောင်းရွှေ့ နေထိုင်ရသော ရွာသားများ ရှိကြောင်းလည်း သိရသည်။

သတ္တုတူးဖော်မှုမှ စွန့်ပစ်ပစ္စည်းများကြောင့် ဒေသ၏ ပင်မရေအရင်းအမြစ်ဖြစ်သည့် ‘သဘက်ချောင်း’ သည်လည်း ညစ်ထေးရဖွယ်ရှိပြီး မြစ်ကြောင်းတလျှောက်နေ ဒေသခံ ၃၅၀၀၀ (၃ သောင်းခွဲ) ကျော်လည်း ထိခိုက်နစ်နာရမည်ဖြစ်ကြောင်း PYO က ဆိုထားသည်။

PYO က ယင်းစီမံကိန်းနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ် နိုဝင်ဘာမှစ၍ ယခုနှစ် ဖေဖော်ဝါရီအထိ ကွင်းဆင်းပြီး အချက်အလက် စုဆောင်းကာ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” အမည်ရှိ ၅၉ မျက်နှာပါ အစီရင်ခံစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည်။

ပင်းပက်သံရိုင်းသိုက်တွင် ခန့်မှန်းခြေ သံရိုင်း ၅၆.၄ % ပါဝင်သော ဟေမတိုက်သတ္တုရိုင်း တန်ချိန် ၁၀ သန်းခန့်၊ သံရိုင်း ၄၂.၆ % ပါဝင်သော ထုံးကျောက် တန်ချိန် သန်း ၇၀ ခန့်နှင့် ထုံးကျောက်သက်သက် တန်ချိန် သန်း ၃၀ ရှိနေကြောင်း အစီရင်ခံစာ အတွင်း၌ ဖော်ပြထားသည်။

၅ နှစ် စီမံကိန်းဖြစ်သည့် ပင်းပက်တောင် စီမံကိန်းသည် တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး ဟိုပုန်းမြို့၏ အနောက်တောင်ဘက် ၄ မိုင်ခန့်၊ တောင်ကြီးမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။

စီမံကိန်းတွင် မြန်မာနိုင်ငံမှ ကျော်သာကုမ္ပဏီ၊ ကမ္ဘောဇတည်ဆောက်ရေး ကုမ္ပဏီလီမိတက်၊ ဝင်းနားစူပါဒိုင်းမွန်း ကုမ္ပဏီလီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့နှင့်အတူ ရုရှအစိုးရပိုင် Tyazhpromexport ကုမ္ပဏီနှင့် အီတလီနိုင်ငံမှ ဒယ်နီရယ်လီ (Danieli) ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ စီမံကိန်းလုပ်ငန်းများ၌ ရုရှပညာရှင် ၄ ဦး အချိန်ပြည့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

၂၀၀၃ ခုနှစ် အကုန် ၂၀၀၄ ခုနှစ် အစပိုင်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ကာလတွင် စတင်တူးဖော်မည်ကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သတ္တုသန့်စင်ရန် ဂါလံ ၄ သိန်း ၈ သောင်းဆန့် ရေတွင်း ၂ တွင်း၊ မြေအောက် ဥမင်များနှင့် အရာရှိ အိမ်ယာများ၊ စွမ်းအင်ရရှိရေး သဘာဝဓာတ်ငွေ့လိုင်းများ တည်ဆောက်ပြီးဖြစ်ကြောင်းနှင့် တောင်ထိပ်ရှိ သစ်ပင်၊ ခြုံပင်များလည်း ၂၀၀၈ ခုနှစ်မှ စတင်၍ မြေတူးစက်များဖြင့် ရှင်းထားပြီးဖြစ်ကြောင်း ခွန်ချန်ကီက ပြောသည်။

ထို့အပြင် အဆိုပါ စီမံကိန်းနှင့်အတူ ယူရေနီယံသတ္တု တူးဖော်မည်ဟုလည်း စီမံကိန်းအရာရှိများ၏ ပြောဆိုချက်များအား ကိုးကား၍ ဒေသခံများအကြား သတင်းများ ပျံ့နှံ့နေသော်လည်း PYO အနေဖြင့် ပညာရှင်များ မဟုတ်သောကြောင့် အတည်ပြု၍ မရသေးကြောင်း သူက ဆက်ပြောသည်။

“၁၉၇၉ ခုနှစ်မှာ ဦးစိုးဝင်းနဲ့ ဦးသန်းဋ္ဌေး ဦးဆောင်တဲ့ ဘူမိဗေဒအဖွဲ့တဖွဲ့က အဲဒီတောင်ခြေမှ စခန်းချပြီးတော့မှ ပင်းပက်တောင်ပေါ်မှာ ယူရေနီယံ လျှို့ဝှက်ရှာဖွေမှုတွေ ပြုလုပ်သွားခဲ့တယ်။ ၃ နှစ်ကျော်ကျော်လောက် လာနေသွားခဲ့တယ်။ အဲဒီတုန်းက မစဉ်းစားမိကြဘူး။ အခု စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ အရာရှိတချို့က သူတို့ အရမ်းရင်းနှီးတဲ့ ရွာသားတချို့ကို ဒီနေရာမှာ သံရိုင်းမကဘူးပေါ့။ ယူရေနီယံကိစ္စလည်း ပါဝင်နေတယ်ဆိုပြီး ပြောပြတာပေါ့” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် လူထုရွေးကောက်ထားသည့် အစိုးရ မရှိသေးသရွေ့ ယခု “ပင်းပက်တောင်သံရိုင်း တူးဖော်ရေးစီမံကိန်း” ကို ရပ်ထားသင့်ကြောင်း PYO က တောင်းဆိုလိုက်သည်။

စီမံကိန်းကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများထိခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သဘာဝ ဝန်းကျင်ပျက်စီးမှုများနှင့် ပတ်သက်၍ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အင်အားစုများအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများကို အနီးကပ် ပြုလုပ်ပေးရန်သာမက ယူရေနီယံတူးဖော်မည်ဆိုသည့် သတင်းအပေါ်၌လည်း သတိထား စောင့်ကြည့်ကြစေလိုကြောင်းလည်း တောင်းဆိုထားသည်။

ပအိုဝ်းလူငယ်အစည်းအရုံး - PYO ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ပအိုဝ်းဒေသရှိ ရဟန်းသံဃာများ၊ အမျိုးသမီးများ၊ လူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီ အခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/3265--pyo-.html
[More]
June 29, 2009 (DVB)–Russian and Italian engineering companies are reported to be involved in the development of a huge iron ore mine in Burma’s eastern Shan state that campaigners say could displace more than 7,000 homes.
The already volatile Shan state is home to Burma’s second largest iron ore deposit, on the site of Mount Pinpet.

Excavation of the site began in 2004, and work includes the conversion of around 11,000 acres of surrounding land for construction of a cement factory and iron processing plant.

The Pa-O Youth Organisation (PYO), in a report released today, said that more than 25 villages home to around 7000 mainly ethnic Pa-O people could be destroyed by the Pinpet Mining Project.

“Fifty people have already been forced to move and were not adequately compensated,” said the Robbing the Future report.

“The confiscation of vital farmlands has begun, leaving over 100 families without the primary source of their livelihood and sustenance.”

A spokesperson from PYO said that villagers had very little, if any, input on the plans for the project.
“[The government] don’t talk to the villagers, they don’t negotiate with the villagers regarding plans for the mining project - they don’t really discuss in advance what they are going to do,” said Khun Ko Wein.

The report points to Russian company Tyazhpromexport as being the major foreign investor in the Pinpet Iron Factory, with $US150 million so far channeled into the project.

Russia maintains strong ties with Burma despite the country’s ruling junta being under mounting international pressure over the trial of Aung San Suu Kyi and documented state-sanctioned human rights abuses.

An Italian company, Danieli, which claims to be one of the world’s leading suppliers of equipment to the metals industry, is also highlighted in the report.

The company, who in 2007 confirmed that they operate in Burma, was unavailable for comment.
Another concern of PYO’s is the link between the Pinpet mine and rumours that Burma is mining uranium, a key ingredient for nuclear weaponry.

According to the report, Burma’s Ministry of Energy has officially announced the presence of five uranium deposits in the country, although has not publicly stated that these will be mined.

http://english.dvb.no/news.php?id=2665

Speculation that uranium exists near the Pinpet site has added fuel to the rumours, with some locals fearing that the mine could be being used as a cover to exploit and refine uranium.

Such rumours have been further compounded by growing evidence that Burma is strengthening its ties with North Korea, who last month successfully tested a nuclear bomb.

Reporting by Francis Wade
[More]

ပင်းပက်တောင် စီမံကိန်း ယူရေနီယံတူးဖေါ်နိုင်ဖွယ်ရှိ PYO အစီရင်ခံစာမှ ပြောဆို


ကျော်ထင် VOA

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နားက ပင်းပက်တောင်စီမံကိန်းတွေမှာ ယူရေနီယံတူးဖေါ်မယ် အစီစဉ်တွေလည်းပါနိုင်ဖွယ်ရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ဒီကနေ့ ချင်းမိုင်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်၊ VOA ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က အပြည်စုံကိုတင်ပြပေးထားပါတယ်၊


ဟုတ်ကဲ့ပါ၊ တောင်ကြီးမြို့ အနားက ပင်းပက်တောင် သံသတ်တုရိုင်းတူးဖေါ်ရေး စီမံကိန်းထဲမှာ ယူရေနီယံတူးဖေါ်မယ့်အစီစဉ်လည်းပါဝင်နိုင်ဖွယ်ရှိတယ်လို့ အဲဒီဒေသမှာ ၃)နှစ်ကျော်ကြာ အချက်လက်ရယူစုဆောင်းခဲ့တဲ့ ပအိုဝ်းလူငယ်အဖွဲ့က ပြောဆိုလိုက် ပါတယ်၊


ပင်းပက်တောင်အနီးတ၀ိုက် ဟိုပုန်းလွင်ပြင်ဒေသက စီမံကိန်းတွေကြောင့် ဖြစ်ပေါ် လာနိုင်တဲ့အကျိုးဆက်တွေကို သုတေသန ပြုလုပ်ထားတဲ့ ” အနာဂတ်ကို လုယူဖျက် ဆီးခြင်း”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်၊


ကွင်းဆင်းသုတေသနလုပ်ခဲ့တဲ့ ပအိုဝ်းလူငယ် ခွန်ချန်းကီးက ဒေသခံတွေက ယူရေနီယံ စီမံကိန်းအပေါ် စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ခုလိုပြောပါတယ်၊


” ပင်းပက်သံရည်ကြိုစက်ရုံ စီမံကိန်းဝင်လာပြီးတဲ့နောက်ပိုင်းမှာတော့ အဲဒီမှာတာဝန်ကျ နေတဲ့ စစ်အရာရှိတချို့နဲ့ အရပ်သားအရာရှိတချို့က အရမ်းခင်မင်ရင်းနှီးတဲ့ ကျေးရွာသားအချို့ကို ဒီနေရာမှာ ယူရေနီယံတူဖေါ်ဖို့ကိစလည်းပါဝင်နေတယ်ပေါ့ အဲလိုမျိုးပြောပြတော့ ရွာသားတွေကနည်းနည်းစိုးရိမ်လာတယ်၊ နောက် သတ်တုတွင်း တည်ဆောက်ဆဲ ၂၀၀၇)မှာ ရုရှားအစိုးရက ဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ကူညီမယ် လို့ထပ်ကြေငြာတော့ သူတို့ပိုပြီးစိုးရိမ်လာတယ်၊ လာကြောင့်လည်းဆိုတော့ အဲဒီနေရာမှာ ရုရှားတွေကရင်းနှီးမြှုပ်နှံမှုထားဖြစ်ပါတယ်၊”


လုံခြုံရေးတင်းကျပ်ထားတဲ့ စက်ရုံအခြေနေကို သူက ခုလိုပြောပြပါတယ်၊


” စက်ရုံကိုကာထားတဲ့ပုံကျတော့ ဆယ်ပေမြင့်တဲ့ အုတ်တံတိုင်း ၂)ထပ်တည် ဆောက်ထားတယ်၊ အုတ်တံတိုင်း တစ်ထပ်နဲ့တစ်ထပ်ကြားမှာ ကိုက် ၅၀)လောက်ခြား ထားတယ်၊ အဲဒီမှာလုံခြုံရေးအပြည်ချထားတယ်၊ အ၀င်ထွက်မှာပေါ့နော်၊ အဲဒီမှာ ရုရှားပညာရှင်လေးယောက်လည်း အချိန်ပြည့်အလုပ်လုပ်နေတယ်၊ ဒီစစ်တပ်တွေလည်း အခြေနေပေါ်မှာမူတည်ပြီးတော့ တိုက်ပွဲတွေဖြစ်တဲ့အချိန်တို့၊ ဒါမှမဟုတ်ရင် ထိပ်ပိုင်း ခေါင်းဆောင်လာတဲ့အချိန်တို့ဆို လုံခြုံရေးတွေအကြီးကျယ်ချထားတာရှိတယ်”


မြန်မာနိုင်ငံမှာ ညူကလီးယားသုတေသနအစီစဉ်တွေကို ၁၉၅၆)ခုအစောပိုင်းကာလ တွေကတည်းကစတင်ခဲ့ပါတယ်၊ အဲဒီချိန်ကတည်းက ဂျာမန်၊ ရုရှားပညာရှင်တွေဟာ ပင်းပက်တောင်တ၀ိုက်ကို ကွင်းဆင်းလေ့လာမှုတွေရှိခဲ့လို့ ပအိုဝ်းလူငယ်အဖွဲ့ရဲ့ အစီရင်ခံ စာမှာဖေါ်ပြထားပါတယ်၊


ပင်းပက်တောင်တ၀ိုက်ကို ခုလိုကွင်းဆင်းလေ့လာမှုတွေကြောင့်ပဲ ယူရေနီယံတူးဖေါ်နိုင် တယ်လို့ ဒေသခံတွေက ပိုမိုသံသယရှိနေတယ်လို့ ခွန်ချန်းကီးကပြောပါတယ်၊


” ကျနော်တို့ ကွင်းဆင်းလေ့လာချက်အရ အဲဒီယူရေနီယံတူးဖေါ်မယ့်နေရာကျတော့ သူတို့နေရာအတိကျပြောတယ်၊ အဲဒီတောင်မှာ၊ အဲဒီတောင်ရဲ့ ဒေသခံအခေါ် ကောင်တီမှာ ယူရေနီယံသိုက်ရှိတယ်လို့သူတို့ပြောထားတာရှိတယ်၊ အဲဒါကတော့ အရာရှိဆီကတဆင့် သူတို့ကြားရတာပေါ့နော်၊ နောက်ပြီး ၁၉၇၉)ခုနှစ်က ပညာရှင်တွေလာသွားတယ်၊ သူတို့လာတုံးက လမ်းတွေမသိတော့ ရွာသားတွေဦးဆောင်ပြီး အဲဒီနေရာကိုသွားရတယ်၊ အဲဒီချိန်မှာ ရွာသားတွေက ပိုပြီး လက်ရှိစက်ရုံမှာတာဝန်ကျနေတဲ့ ၀န်ထမ်းတချို့ပြောတာနဲ့ အရင်က သူတို့ဦးဆောင်ပြီးသွားခဲ့တဲ့နေရာက ကွက်တိဖြစ်နေတော့ သံသယ၀င် တယ်ပေါ့နော်၊ အဲဒီနေရာကို”


တည်ဆောက်ရေးစီမံကိန်းတွေစတင်လာခဲ့တဲ့ ၂၀၀၆)နှစ်ဦးပိုင်းကနေစပြီး ပင်းပက် တောင်ခြေအနီးတ၀ိုက်က ဒေသခံတွေကို အတင်းအကျပ်ရွေ့ပြောင်းနေရာချထားမှု တွေစတင်ခဲ့တယ်လို့သိရပါတယ်၊ အကယ်လို့တူးဖေါ်ရေးလုပ်ငန်းတွေစတင်လာတယ်ဆို ရင် တော့ တောင်ခြေအနီးတ၀ိုက် ကျေးရွာ ၁၄)ရွာဟာ အပြီးအပိုင်ပြောင်းရွေ့ခံရမယ့် အနေထားရှိတယ်လို့လည်း ပအိုဝ်းလူငယ်တွေရဲ့အစီရင်ခံစာက ဆိုပါတယ်၊ စစ်အစိုးရ ကတော့ မကွေး၊ တောင်တွင်းကြီး၊ မိုးကုတ်၊ ကျောက်ဆည်နဲ့ ဖေါင်းပြင်မြို့နယ်တွေမှာပဲ ယူရေနီယံတူးဖေါ်လို့ရနိုင်တယ်လို့ တရားဝင်ထုတ်ဖေါ်ပြောဆိုထားပါတယ်၊ ၂၀၀၇)ခုမေလ တုံး သိပံနဲ့နည်းပညာဝန်ကြီးဦးသောင်းဟာ ၁၀)မီဂ်ါဝပ်ရှိတဲ့ ရေပေါသုံး ညူကလီးယား ဓါတ်ပေါင်းဖိုတခုတည်ဆောက်ဖို့ ရုရှားနဲ့သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်ခင်ဗျ၊
[More]
မြန်မာနိုင်ငံရှိ ရုရှား လျှို့ဝှက်သတ္တုတွင်း စီမံကိန်းကြောင့် လူဦးရေ ၇,၀၀၀ ခန့်
ထိခိုက်ခံရဖွယ် ရှိနေခြင်း။
ကျေးရွာလူထုများက ရုရှား-မြန်မာ ပူးတွဲ အဏုမြူစီမံကိန်းဟု သံသယရှိနေခြင်း

ပြည်တွင်းစစ်မီးကြောင့် အတိဒုက္ခခံစားနေရသည့် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီး တွင် ရုရှားနိုင်ငံ၏ အထောက်အပံ့ဖြင့် တည်ဆောက်နေသော သတ္တုတွင်းတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းက တောင်တခုလုံးကို တူးဖော် ထုတ်လုပ်ရန် အစီအစဉ်ရှိနေပြီး၊ ထိုဒေသနေ ကျေးရွာလူထု ၇,၀၀၀ ကျော်၏ အိုးအိမ်များ ပျက်စီး ဆုံးရှုံးစေလိမ့်မည် ဖြစ်သည်။ ထိုမျှသာမက အခြားလူထု ၃၅,၀၀၀ ကိုလည်း ထိခိုက် နစ်နာဖွယ် ရှိနေကြောင်း ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

"အနာဂတ်ကို လုယူဖျက်ဆီးခြင်း" အမည်ရှိ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ အထူးသုတေသနပြု လေ့လာ ချက်နှင့် ရရှိလာသော ဓါတ်ပုံများကို အခြေပြုဖော်ပြထားသော ၎င်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး သံရိုင်းသိုက်ကြီးကို မြန်မာစစ်အစိုးရနှင့် ရုရှားနိုင်ငံပိုင် ကုမ္ပဏီတခုဖြစ်သည့် (Tyazhpromexport) တို့က တူးဖော်ရန် ပြင်ဆင်နေကြပုံကို အသေးစိတ် ဖော်ပြထားပါသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည် မြန်မာစစ်တပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၁၀ ကီလိုမီတာ အကွာအဝေးခန့်တွင် တည်ရှိပြီး၊ ယခုနှစ်အကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးမည်ဟု ယူဆရပါသည်။ ဤဒေသတွင် မကြာသေးမီကမှ တိုက်ပွဲများ ပြန်လည်မီးတောက်လာသည့် နေရာဒေသလည်း ဖြစ်ပါသည်။ ဤစက်ရုံတွင်လည်း မြေအောက်ဥမင်များ တည်ရှိနေပြီး၊ ၁၀ ပေကျော် အုတ်နံရံ ၂-ထပ်နှင့် သံဆူးကြိုး တစ်ထပ် ဖြင့် ကာရံထားပါသည်။

စက်ရုံသွားရာလမ်း ဖောက်လုပ်ရန် ရွာ ၃-ရွာမှ လူထု ၅၅ ဦးကို ၎င်းတို့အိုးအိမ်များမှ အတင်းအကျပ် ဖယ်ရှား ပြောင်းရွှေ့စေခဲ့ပြီ ဖြစ်ပြီး၊ ဒေသအာဏာပိုင်များက စိုက်ပျိုးမြေ ၁၁,၀၀၀ ဧကကိုလည်း သိမ်းပိုက်ခဲ့ပါသည်။ ကျေးရွာလူထုများမှ ဒေသခံအာဏာပိုင်များထံ တင်ပြတောင်းဆိုမှုများကိုလည်း လျစ်လျူရှုထားခဲ့ပါသည်။

အပွင့်သတ္တုတွင်းတူးဖော်ရေးအတွက် ပြင်ဆင်မှုများ စတင်နေပြီ ဖြစ်ပါသည်။ ဤသတ္တုတွင်း တူးဖော်မှုများ စတင်ပါက ၎င်းတောင်တခုလုံးကို အစစဖြိုဖျက်ပစ်ကြမည် ဖြစ်ပြီး၊ တောင်ခြေတ၀ိုက်ရှိ လူထု ၇,၀၀၀ ကျော်သည် လည်း ထိခိုက်နစ်နာရဖွယ် ရှိနေပါသည်။

သတ္တုတွင်း တူးဖော်မှုကြောင့် မြေတိုက်စားမှုများ၊ အနယ်အနှစ်များကို စွန့်ပစ်မှုများကြောင့် ဤလွင်ပြင်ရှိ ပင်မ ရေ အရင်းအမြစ်ဖြစ်သည့် သဘက်ချောင်းသည်လည်း ညစ်ထေးရဖွယ် ရှိနေရာ၊ မြစ်ကြောင်းတလျောက်နေ လူပေါင်း ၃၅,၀၀၀ တို့လည်း ထိခိုက်နစ်နာရဖွယ် ရှိပါသည်။ ချောင်းရေကို စက်ရုံအတွက် သွယ်ယူအသုံးပြုနေသော ကြောင့်လည်း ယခုနှစ်တွင်ပင် ရေလျော့နည်းနိမ့်ကျလာနေသည်ကို တွေ့ရပါသည်။

ခရီးသွားလာခွင့် အတင်းအကျပ် ကန့်သတ်နေခြင်း၊ ၎င်းစီမံချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိခြင်း ကြောင့် ဒေသခံများက အဏုမြူစီမံကိန်းများနှင့် ယခုသတ္တုတွင်းတူးဖော်မှု ဆက်စပ်နေမည်လောဟု သံသယရှိ နေကြပါသည်။

"သူတို့က နံရံတွေ၊ အတားအဆီးတွေနောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ လျှို့ဝှက်ထားကြတယ်။ ဒါပေမယ့် အခုစီမံကိန်းကြောင့် နစ်နာရမယ်ဆိုရင်တော့ ကျနော်တို့က ရှေ့ဆုံးက နစ်နာကြရလိမ့်မယ်။ မြန်မာပြည်မှာ တရားဥပဒေမရှိတာကို နိုင်ငံခြား ကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး၊ ကျနော်တို့ သယံဇာတတွေကို လာအမြတ် ထုတ်ယူနေကြတယ်။ ကျနော်တို့ အနာဂတ်ကို လာပြီး လုယက်ဖျက်ဆီးနေကြတယ်" ဟု ပအိုဝ်းလူငယ်အစည်း အရုံး မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ပြောပါသည်။

ရုရှားနိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီက ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဏုမြူဓါတ်ပေါင်းဖို တခုတည်ဆောက် မည်ဟု ကြေညာထားသောကြောင့်လည်း ဒေသခံပြည်သူများက ပို၍ သံသယကြီးထွားနေကြပါသည်။ အီတလီ နိုင်ငံမှ ကုမ္ပဏီတခုဖြစ်သည့် ဒယ်နီရယ်လီ (Danieli) ကလည်း ယခုစီမံကိန်းတွင် ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ရပါသည်။

ဆက်သွယ်ရန် ။ ။ ခွန်ချန်ကီ (ဗမာလို) +၆၆ ၈၅ ၂၈၈ ၄၂၁၁ ။ ခွန်ကောဝိန် (အင်္ဂလိပ်လို) +၆၆ ၈၃ ၁၅၂ ၈၀၅၀

အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုလိုပါက http://www.paoyouthorganization.blogspot.com တွင် ရရှိနိုင်ပါသည်။
[More]
Secretive Russian Mining Project in Burma set to Destroy Homes of 7,000

Villagers suspect links to Russia-Burma uranium plans


A Russian-backed mining project that plans to excavate an entire mountain southeast of Taunggyi in Burma’s war-torn Shan State will destroy the homes of 7,000 villagers and impact a further 35,000, according to a report released today.


Robbing the Future, based on exclusive research and photos from the Pa-O Youth Organization (PYO), details the unfolding development of the country’s second largest iron deposit by Burma’s regime and Russian state-owned Tyazhpromexport.


Ongoing construction of an iron processing plant 10 km from the Burma Army’s Eastern Command, nearby an area where recent fighting has flared up, is expected to be completed by the end of the year. The factory is equipped with underground bunkers and surrounded by two ten feet high cement walls and barbed wire.


Fifty five people have already been forcibly relocated out of three villages to make way for the factory and 11,000 acres of farmlands have been confiscated by local authorities. Complaints by the villagers to local government offices were dismissed.


Preparations for the first of a series of open pit mines have also begun. These will decimate the mountain, and the homes of 7,000 people living directly around it.


The erosion of mine heaps and the release of tailings into the valley’s main water source, the Thabet Stream, stand to affect 35,000 people downstream. Diversion of the stream to the factory has already led to unusually low water levels this year.


Extreme travel restrictions and a lack of public information about the project are fueling rampant local speculation that uranium will also be mined on the mountain.


“They are hiding what they’re doing behind walls and fences, but we will be the ones to suffer the effects of these projects. The foreign companies are taking advantage of the lack of rule of law in Burma to exploit our resources and are robbing our future” said Khun Chan Khe, a spokesperson from the Pa-O Youth Organization.


Local suspicions are heightened by a Russian Atomic Energy Agency announcement in 2007 of plans to build a nuclear reactor in Burma. The Italian company Danieli is also believed to be involved in the project.

Media Contacts: Khun Chan Khe (Burmese) +66 85 288 4211; Khun Ko Wein (English) +66 83 152 8050


View the full report at: http://www.paoyouthorganization.blogspot.com
[More]

ခွန်အောင်မြတ်။
ဇွန်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာစစ်အစိုးတပ်ဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် စုပေါင်းတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ အရာရှိ တယောက်နှင့်ရဲဘော်တယောက် ကျဆုံးသွား သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ အရာရှိတယောက်က ပြောသည်။


မြန်မာစစ် အစိုးရတပ်မှ ဘန်းယဉ်ခြေစိုက် ခမရ ၄၁၂ တပ်ရင်း တပ်ခွဲမှူး ဥာဏ်လင်း ဦးဆောင်သည့်အဖွဲ့သည် မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာမှရွာသူကြီးအား ဖမ်းဆီးပြီး လက်နက်ကိုင်အဖွဲ့များရှိရာသို့ လမ်းပြပေးရန် ခေါ်ဆောင်သွားစဉ် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ခွဲမှူး ဗိုလ်မှူး အောင်ဒင် က ယခုလို ပြောသည်။


“မနက် (၇) နာရီခွဲဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ကနေ အရင်ပစ်ရတာပဲ။ သူတို့ စခမ်း ထဲကို ၀င်လာတယ်။ ရွာသားကို ကြိုးနဲ့ချည်ပြီးတော့လေ။ အဲဒါ ကျနော်တို့ကလည်းပဲ စခန်းဘေး ကနေ ပြောင်းမယ်ဆိုပြီးတော့ ရွေ့ခိုင်းတဲ့အချိန်မှာ သွားပြီး ဒဲ့တိုးကြတာပေါ့။ ဒဲ့တိုးတဲ့ အချိန်မှာအဲမှာ ပစ်ကြတယ်လေ။ အဲမှာ နအဖဘက်က ဗိုလ်ကြီး ဥာဏ်လင်းဆိုတဲ့တယောက်နဲ့ သူ့ရဲ့တပ်သာား ဟဲဗီး ဆိုတဲ့ တယောက်ကျတယ်လေ။ ဒဏ်ရာရတာက တယောက်ပေါ့။”


တိုင်းရင်းသားလက်နက်ကိုင်စုပေါင်းတပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ၀အမျိုးသားတပ်မ တော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် တို့ ပါဝင်သည်။


ယင်းတိုက်ပွဲတွင် တပ်ပေါင်းစုအဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။


ရှမ်း-ကရင်နီ နယ်စပ် မောက်မယ်မြို့ မဲုင်းစပ် ကျေးရွာရှိ ရွာသူကြီး အပါအ၀င် ကျေးရွာသား ၁၀ ဦးကို ယမန် နေ့မနက် ၃ နာရီတွင် မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက် လာသူ ရွာသူကြီး ဦးဒီးလယ်က ပြောသည်။


ကျနော်တို့ကို လာဝိုင်းတာက မနက်ပိုင်း ၃ နာရီလောက်ကပါ။ ကျနော်တို့ ၁၀ယောက် အဖမ်းခံ ရပါတယ်။ အဲမှာ ကျနော့်ကို စစ်ဆေးတာ ဓားမြောင်နဲ့ လှီးတာ သုံးခါ။ ရိုက်တာက ခြောက်ချက်။ ကျနော့်တယောက်ထဲကိုပဲ နာအောင်လုပ်တာ။ ဖမ်းတာကတော့ ၁၀ ယောက်။ ၉ ယောက်ကိုတော့ မနှိပ်စက်သေးဘူး။ ရွာမှာ ဘယ်လိုဆက်ဖြစ်လဲတော့ မသိရသေးဘူး။ ကျနော့် ကို စခမ်းနားကို ခေါ် သွားတာ။”


၎င်းကို ကြိုးဖြင့်ချည်ပြီး ခေါ်သွားချိန်တွင် တပ်ပေါင်းစုအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှ တပ်ပေါင်းစုထံ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။


ယခုလဆန်းပိုင်းတွင် ဆီဆိုင်မြို့နယ်ရှိ ဗန်းမပ်က်ကျေးရွာအုပ်စုရှိ ရွာသူကြီး ခြောက်ဦး ကိုလည်း မြန်မာစစ် တပ်က နောင်ထောင်ဝ်သို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုကာ လမ်းတ၀က်တွင် သတ်ဖြတ်လိုက်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။


ဟိုနမ်းကျေးရွာအုပ်စုမှ ရွာသူကြီးနှင့် လွယ်ဆမ်ဆစ်ပ် ရွာသူကြီးကိုလည်း အလားတူ ပစ်သတ် ခံခဲ့ရသည်ဟု ဆို သည်။


ကရင်နှင့်ပအိုဝ်း ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်အစိုးရတပ်ဖွဲ့တခုအား မေလဆန်းပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ၁၂ ဦး ကျဆုံးပြီးနောက်ပိုင်း ယင်းဒေသရှိ ဒေသခံများအား မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။


Network Media Group

[More]

စာဖတ်သူများခင်ဗျား

အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ ၀န်ကြီးအဖြစ် ပြောင်းရွေ့ သွားခဲ့သူ တစ်ဦးရဲ ဘ၀ကောက်ကြောင်း တစိတ်တဒေသ နဲ့ စိတ်ဝင်စားဖွယ် အတွင်း သတင်းအဖုံဖုံ ကို သျှမ်းသံတော်ဆင့်မှ ကူးယူ ဖော်ပြပြီး စစ်ဖက်ဆိုင်ရာ နီးစပ်သူများမှ ဖြည့်စွက်ချက်နဲ့အတူ ကျွန်တော် ကိုဖိုးတရုတ် က တင်ပြပေးထားပါတယ်။

ကျောက်တိုင် အဓိဌာန်မှ ဓါတ်တိုင် ဘဝရောက်ခဲ့သူ

ပထမအကြိမ် ပင်လုံရောက် ဗိုလ်ခင်မောင်မြင့်

လွန်ခဲ့သော နှစ်ပေါင်း (၂၅) …. အချိန်ကာလအားဖြင့် ၁၉၈၃-ခုနှစ်၊ အာဇာနည်ကုန်း ဗုံးကွဲပြီးခါစ အချိန်ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်တပ်နယ်သို့ တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ကျ ပြောင်းရွေ့လာသူ ဗိုလ်ခင်မောင်မြင့် တယောက် ရှမ်းပြည်၏ အေးချမ်းသောရာသီဥတုဒဏ်ကို အံကြိတ်ခံစားရင်း လွိုင်လင် တပ်နယ်မှ (၆)မိုင်ဝေးကွာသော ပင်လုံမြို့ ဆီသို့ စက်ဘီးကလေးဖြင့် ထွက်ခွာလာသည်။

“ကမ္ဘာကျော်ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့လို့ ဖေဖေတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာကွ… ပင်လုံစာချုပ်ကိုသာ မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် ဗမာပြည် ဘယ်လွတ်လပ်ရေးရနိုင်မလဲ၊ တောင်တန်း ဒေသတွေနဲ့ တစည်းတလုံးတည်း လွတ်လပ်ရေး ရဖို့မလွယ်ဘူး သားရေ.. ခုငါ့သား.. ပြောင်းရွေ့တာဝန်ကျတဲ့ လွိုင်လင်ဆိုတာ ပင်လုံနဲ့နီးနီးလေးဘဲ၊ ရောက်ရင်တော့ ပင်လုံကျောက်တိုင်ကို ရောက်အောင်သွားပါ” ဖခင်ဖြစ်သူ အငြိမ်းစား ကျောင်းဆရာကြီး မှာကြားလိုက်သော စကားများကို ပြန်လည်ကြားယောင်မိရင်း မိဘများရှိရာ ပျဉ်းမနားမြို့ကို ဗိုလ်ခင်မောင်မြင့် သတိရနေမိသည်။ ခြောက်မိုင်ခရီးကို စက်ဘီးဖြင့် နင်းရသည်မှာ ပင်ပမ်းမှုမရှိသော်လည်း ဤဒေသတွင် ကြီးစိုးနေသော ရှမ်းသူပုန်များနှင့် ပအိုဝ့်သူပုန်များ အကြောင်းကို တွေးမိရင်းနဖူးပြင်မှာ ချွေးသီးလေးများ စို့တက်လာသည်။ ဒါကြောင့်လည်း တပ်ရင်းက ထွက်ကတည်းက အရပ်သားဝတ်စုံကို ဆင်မြန်း ပြီးထွက်ခဲ့ရသည်။

ဤဒေသအဖို့ သတိဆိုသည်မှာ အချိန်ပြည့်ရှိမှ သင့်တော်ရာ ရောက်သည်။ တောင်ဘက်တွင် ပအိုဝ့်နီသူပုန် (ခေါ်) ရ-လ-လ-ဖ နှင့် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ရှမ်းသူပုန်များက ဝန်းရံထားသည်။ ယခင်ကာလများက စစ်ဗျူဟာမှူး မောင်အေး (နောင်အခါ နအဖ ဒု-ဥက္ကဌ) ၏စစ်ကြောင်းကို ပအိုဝ်နီခေါင်းဆောင် စောတာကလယ် ကိုယ်တိုင် တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်း လေးပိုင်းပြတ်ကာ အရေးနိမ့်ခဲ့ရဖူးသည်။ လွန်ခဲ့သော နှစ်များစွာက တပ်မ (၅၅) ဒုတပ်မမှူး ဗိုလ်မှူးကြီး တင်ဦး (နောင်အခါ နဝတအတွင်းရေးမှူး(၂)နှင့် ရဟတ်ယာဉ်ပေါ်တွင် သေဆုံးခဲ့သူ) ၏ စစ်ကြောင်းကိုလည်း ရှမ်းခေါင်းဆောင် စဝ်ဆေထင် ကိုယ်တိုင် တိုက်ခိုက်သဖြင့် မရှုမလှ အရေးနိမ့်ခဲ့ရသည်။ ဤသင်ခန်းစာများကိုတွေးမိရင်း ပင်လုံမြို့လေးဆီသို့ ဘေးမသီ ရန်မခဘဲ ရောက်ရှိလာသည်။ ပင်လုံကျောက်တိုင်ကို ခက်ခက်ခဲခဲ ရှာဖွေစရာမလိုပါ မြို့ပြင်ကပင် ထီးထီးမားမား တွေ့မြင်နေရသည်။

ဗိုလ်ခင်မောင်မြင့်ဟာ ပင်လုံရောက်တာနဲ့ ဆာလောင်လှသောကြောင့် ကျောက်တိုင်အနီး ရှမ်းတို့ဟူးကြော် ဆိုင်တွင် ဝမ်းရေးကို ငြိမ်းလိုက်ရသည်။ တစိမ်း ဧည့်သည်မို့လို့လားမသိ ဆိုင်ရှင် ရှမ်းအဖွားကြီးက လူကဲခတ် ကောင်းသည်။ လူပုံစံကို အကဲခတ်ရင်း “နယ်က ဧည့်သည်လား … လာလည်တာနဲ့ တူတယ်” ဟူ၍ မိတ်ဆက် စကားပြောလာသည်။

မဆိုင်းမတွပင် “ဟုတ်ကဲ့အဖွား.. နယ်ကပြောင်းလာတာပါ အစိုးရဝန်ထမ်းကျောင်းဆရာပါ”

မိမိကိုယ်ကို ကျောင်းဆရာလို့ လိမ်ပြောလိုက်ရသော်လည်း တကယ်ဖြစ်ချင်တာက ကျောင်းဆရာပါ။ ဖခင်ဖြစ်သူ ကျောင်းဆရာကိုယ်တိုင် “ငါ့လို ကျောင်းဆရာ လုပ်မယ် စိတ်မကူးနဲ့ မင်းစစ်တပ်ထဲဘဲ သွားရမယ်” ဆိုပြီး စစ်တပ်ထဲအတင်း သွတ်သွင်းခဲ့သောကြောင့်သာ စစ်သားဘဝရောက်ခဲ့ရသည်။ ဗိုလ်သင်တန်း ကာလ များတွင်လည်း မြန်မာစာဆရာကြီးသား ပီပီ ရေသည်ပြဇာတ်ကို မင်းသားသဖွယ် ကပြဖျော်ဖြေ တင်ဆက်သောကြောင့် ဗိုလ်လောင်းများကြားတွင် ရေသည်ခင်မောင်မြင့် ဟုပင် ဘွဲ့ရရှိခဲ့သည်။ ရဲမြင့်၊ ခင်ဇော်၊ မင်းအောင်လှိုင်နှင့် သာအေးတို့က မိမိရေသည်ပြဇာတ် ကပြဖျော်ဖြေတိုင်း ဘေးမှနေ၍ ပါးစပ်ဆိုင်းတီး၍ ကူညီပေးခဲ့တာကို ယနေ့တိုင် မေ့မရနိုင်ပါ။

“ဒီကျောက်တိုင်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သစ္စာဓိဌာန်ပြုခဲ့တဲ့ ကျောက်တိုင်ကွဲ့၊ ဆရာ…ကျောက်တိုင် နားရောက်ရင် ကျောက်တိုင်ကို သုံးပါတ်ပတ်ပြီး လိုရာဆုတောင်း … တကယ် ဆုတောင်းပြည့်တယ်” ဟု တို့ဟူးကြော်ဆိုင်မှ ရှမ်းအဖွားကြီးက မှာကြားလိုက်သောကြောင့် ပင်လုံကျောက်တိုင် ကို သုံးပါတ်ပတ်ပြီး ဆုတောင်းအဓိဌာန်ပြု လိုက်ပါတော့သည်။

“ငါသည် တနေ့တချိန် ဤရှမ်းပြည်ကို တာဝန်ကျ ပြောင်းရွေ့လာပါက ရှမ်းပြည်၏ အမြင့်ဆုံး တိုင်းမင်းကြီး အဆင့်ဖြင့် ပြောင်းရွေ့ရပါလို၏…” ဟု ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြည့်ခဲ့တဲ့ ဗိုလ်ခင်မောင်မြင့်

ပင်လုံကျောက်တိုင် အဓိဌာန်သူ ဗိုလ်ခင်မောင်မြင့် အနေနဲ့ ဆုတောင်းပြည့်ခဲ့ပါသည်။ ၂ဝဝ၁-ခုနှစ်၊ ဒီဇင်ဘာလတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရ-ပ-ခ)၏ တိုင်းမှူးအဖြစ် ပြောင်းရွေ့ ခန့်အပ် ခံရပါတော့သည်။ မိမိရှေ့မှ ဗိုလ်ချုပ်မောင်ဘိုကတော့ ကျေးသီး-မိုင်းကိုင်လမ်းတွင် ချောင်းမြောင်း လုပ်ကြံပစ်ခတ်ခံမှု ဖြစ်ခဲ့ပြီး အသက်ဘေးမှ သီသီကလေး လွတ်မြောက်သွားကာ သေကံမရောက် သက်မပျောက်၍ စစ်တိုင်းမှူးကြီးရာထူးဖြင့် မွန်-ကရင်- တနသာင်္ရီသို့ လစ်သွားလေတော့သည်။

တိုင်းမှူးရာထူးလက်ခံရကတည်းက မိမိဆုတောင်းအဓိဌာန်ပြုခဲ့သော ပင်လုံကျောက်တိုင်ကို မျှော်မှန်း၍ လွမ်းဆွတ် ဝမ်းသာနေမိသည်။

ပင်လုံကျောက်တိုင်ကို ယုံကြည်မြတ်နိုးခဲ့တဲ့ ဗိုလ်ခင်မောင်မြင့်ဟာ တိုင်းမှူးဖြစ်ခဲ့တဲ့နောက် ပင်လုံကို သွားရောက်ခဲ့ရပါပြီ။

ပအိုဝ်ဂုရုကြီး မဟာအောင်ခမ်းထီနှင့် ပတ္တမြားနဂါးဒါရိုက်တာ နေဝင်းထွန်းတို့ အမည်ခံပြီးလှူဒါန်းသော ဘုရားပန္နက် ချပွဲရှိရာ ပင်လုံမြို့သို့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ကောင်းကင်ခရီးဖြင့် ကြွလာမည်ဖြစ်ပါသည်။ ဈာန်ဖြင့်ကြွလာခြင်း မဟုတ်ဘဲ ရဟတ်ယာဉ်ဖြင့် ကြွလာခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ် ခင်မောင်မြင့်ကတော့ ကြိုဆိုရမည်ဖြစ်သောကြောင့် ကားဖြင့်ပင်လုံသို့ဦးစွာ ရောက်ရှိနေသည်။ ဘုရားကုန်းပေါ်မှနေ၍ လှမ်းမြင်နေရသော ပင်လုံ ကျောက်တိုင်ကို သွားချင်ပေမဲ့ ကြိုဆိုရေးတွင် အဘက် ဘက်မှမလစ်ဟင်းရအောင် စီမံကွပ်ကဲနေရသည်။ လစ်ဟင်း၍လည်းမရပါ၊ ဗိုလ်မောင်အေးဆိုသူက လူသာရှည်သည် စိတ်က မရှည်တတ်ပါ။ ၁၉၉၉-ခုနှစ်၊ ညောင်ရွှေပွဲတော်တွင် ဗိုလ်မောင်ဘို တာဝန်လစ်ဟင်းမိသောကြောင့် ဗိုလ်မောင်အေး၏ အဆူအဆဲ ခံလိုက်ရသည့် သင်ခန်းစာ (ဖေါ်ပြခဲ့ပြီး) ကိုသိရှိထားပြီမို့ ပင်လုံတွင်လည်းတာဝန်မလစ်ဟင်းရအောင် ဂရုစိုက်နေရသည်။ အားလုံးအဆင်ပြေ ချောမွေ့ခဲ့ပါသည်။

ဘုရားပန္နက်ချပြီး ဒေသခံ ငြိမ်းချမ်းရေးခေါင်းဆောင်များနှင့်အတူ ထမင်းစားသောက်ကြသည်။ ဗိုလ်မောင်အေး၏ ထမင်းဝိုင်းတွင် ငြိမ်းခေါင်းဆောင်များ ဖြစ်ကြသော ရလလဖ-ဥက္ကဌ-စောတာကလယ်နှင့် ပအိုဝ်ဂုရုကြီး ဦးအောင်ခမ်းထီတို့ ဝိုင်းဖွဲ့မိကြ သည်။ ထမင်းမသုံးဆောင်မီ ဆုတောင်းကြပါဟု ဆော်သြသောအခါ ဘုန်းကြီး လူထွက် ဦးအောင်ခမ်းထီကတော့ ဂါထာများကို ရွတ်ဖတ်ပူဇော်လေသည်။ စောတာကလယ်ကို ဆုတောင်း ပေးရန် တိုက်တွန်းသောအခါ စောတာကလယ် ဆုတောင်းချက်ကြောင့် အားလုံးသောပါးစပ်များ ဟာလာဟင်းလင်း ဖြစ်သွားကြသည်။

“ခင်ဗျားတို့နဲ့ ကျနော်တို့ …နောင်အခါ ရန်မဖြစ်မိပါစေနဲ့ဗျာ”

စောတာကလယ် ဆုတောင်းချက်ကြောင့် ဗိုလ်မောင်အေး အံ့အားသင့်သွားသလို တချိန်ကမိမိ စစ်ကြောင်းကို နမ့်စန် နှင့်လွိုင်လင်ကြား လေးပိုင်းပြတ်အောင် ချေမှုန်းခဲ့သော သူဖြစ်နေသောကြောင့် ရဟတ်ယာဉ်ပေါ် ရောက်သည်ထိ ဒေါသထွက် မျက်နှာကြီးနီနေလေတော့သည်။

၂ဝဝ၃-ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက် ပင်လုံဘုရားထီးတော်တင်လှူပွဲ

ဗိုလ်မောင်အေး ပန္နက်ချခဲ့သော ဘုရားကိုထီးတော်တင်လှူရန် ဗိုလ်ခင်ညွှန့် ခေါင်းဆောင်၍ ပင်လုံသို့ ရဟတ်ယာဉ်ဖြင့် ချီတက်လာသည်။ အလှူရှင်အမည်ခံ ဂုရုအောင်ခမ်းထီနှင့် ပတ္တမြားနဂါးဒါရိုက်တာ နေဝင်းထွန်းတို့ကလည်း ခေါင်းပေါင်း တလူလူဖြင့် အလုပ်ရှုပ်နေသည်။ ရဟတ်ယာဉ် ဆင်းသက်လာသောအခါ တိုင်းမှူးအနေဖြင့် ဗိုလ်ခင်မောင်မြင့်က ဦးစွာကြိုဆိုရမည် ဖြစ်သော်လည်း ဂုရုအောင်ခမ်းထီကဦးစွာပြေးသွား၍ ဖက်လှဲတကင်း လောကွပ်ပြုနေသည်။ တရားနားချိန်မှာလည်း နှစ်ကိုယ် ကြားပြောလိုက်တဲ့စကား … ထမင်းစားချိန်မှာလည်း တတွတ်တွတ် ပြောလိုက်တဲ့စကား….. ကြာလာတော့လည်း ဗိုလ်ခင်ညွှန့် နားပူလာပြီး ဂုရု အောင်ခမ်းထီကို စိတ်ပျက်လာပုံရသည်။

khin-maung-myint-2

ဆရာတော်ကြီးကို သင်္ကန်းကပ်လှူနေတဲ့ ဗိုလ်ခင်မောင်မြင့်

“ကဲပါ ဦးအောင်ခမ်းထီရယ်…. ကျနော်ကအဝေးကလူပါ၊ ဦးအောင်ခမ်းထီက အနီးကလူကို မေ့နေတယ်ထင်တယ်။ ဦးအောင်ခမ်းထီကို အနီးက လူက ပိုပြီး ကူညီမှာနော်…” ဟူ၍ တိုင်းမှူး ဗိုလ်ခင်မောင်မြင့် ဘက်ကိုမေးငေါ့ပြီး ညွှန်ပြသောအခါ ပင်ကိုယ်နီနေသော ဂုရုအောင်ခမ်းထီမျက်နှာသည် ဆေးနီသုတ်လိမ်း ထားသကဲ့သို့ဖြစ်သွားလေတော့သည်။

ရဟတ်ယာဉ်များ ပျံတက်သွားပြီးနောက် တိုင်းမှူး၏ ကားပေါ်မှာပါလာသော လွိုင်ကော် ကျောက်ပြားစက်ရုံထုတ် အခင်းကျောက်ပြားချပ်များကို ပင်လုံ ကျောက်တိုင် ခြေရင်းရှိ ယိုယွင်းကွဲအက်နေသော နေရာများ၌ ပြုပြင်လိုက်လေသည်။

မိမိ ဆုတောင်း အဓိဌာန်ပြုခဲ့သော ပင်လုံကျောက်တိုင်ကို အားပါးတရ ရှုမျှော်ရင်း ကျောက်တိုင်အနီး တို့ဟူးကြော်ဆိုင်ရှင် ရှမ်းအဖွားကြီးကို မျက်စိ ရှာဖွေမိတော့သည်။ လွန်ခဲ့သောနှစ်ပေါင်း (၂ဝ)ကျော်က ရှမ်းအဖွားကြီး လမ်းညွှန်ခဲ့လို့ အဓိဌာန်ပြုခဲ့တာ ယခုဆုတောင်းပြည့်ပြီး တိုင်းမင်းကြီး အဆင့်ဖြင့် ရှမ်းပြည်၏ အမြင့်ဆုံးရာထူးကို ရရှိခဲ့သည်။ ဆက်လက်၍လည်း တပ်မတော်၏ အမြင့်ဆုံးသောအဆင့်ကို ရရှိဖို့ ထပ်မံ၍ ပင်လုံကျောက်တိုင်ကို အဓိဌာန် ပြုမိပြန်သည်။ ကျောက်တိုင်ကို သုံးပါတ် မပတ်မိခဲ့ချေ။

တိုင်းမှူးခင်မောင်မြင့် ပင်လုံမှ မထွက်ခွာသေးသော်လည်း အမှတ် (၂)ထောက်လှမ်းရေးတပ်မှူး-မင်းလွင်ဆိုသူက ပင်လုံ ကျောက်တိုင်ကို ပြုပြင်မွမ်းမံနေသည့် သတင်းအား ရန်ကုန်ရှိ ကက-လှမ်းနှင့် ကက-ကြည်းတို့ကို တိုင်ကြားစာ အစီရင်ခံသတင်းပို့ပြီးဖြစ်လေတော့သည်။

ရှမ်းပြည် အမျိုးသားနေ့၏ သဘာပတိအဖြစ် ဖိတ်ကြားလွှာ

ထို့နောက် (၅၈)နှစ်မြောက်၊ ရှမ်းပြည်အမျိုးသားနေ့တွင် သဘာပတိအနေဖြင့် တက်ရောက်ရန် ဖိတ်စာနှင့်တကွ ရှမ်းတိုင်းရင်း သားဝတ်စုံကို အက်စ်ဘီအရာရှိ ရဲလှမောင်က ယူဆောင်လာပြီး တိုင်းမှူးခင်မောင်မြင့်ကို ပေးအပ်ကာ အစီရင်ခံခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း သာမက မြောက်ပိုင်းမှ ရှမ်းခေါင်းဆောင်များပါ တက်ရောက်မည့်ပွဲတွင် တိုင်းမှူးအား သဘာပတိအနေဖြင့် တက်ရောက်ချီးမြှင့်ရန် တောင်ကြီးမြို့မှ မျိုးဆက်သစ်-ရှမ်းပြည်အဖွဲ့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် ရှမ်းပြည်နိုင်ငံရေး သမားဟောင်းများ ကိုယ်တိုင် လက်မှတ်ရေးထိုး ဖိတ်ကြားထားသောကြောင့် တက်ရောက်မည်ဟု နှုတ်ဂတိကို ရဲလှမောင်မှတဆင့် ဗိုလ်ခင်မောင်မြင့်က ပြန်ကြားလိုက်ပါသည်။

၂ဝဝ၅-ခုနှစ်၊ ဖေဖော်ဝါရီ (၃)ရက်၊ မွန်းလွဲ (၂)နာရီတိတိတွင် အက်စ်ဘီရဲလှမောင် တစ်ယောက် တိုင်းမှူး၏ နှုတ်ဂတိကို မျိုးဆက်သစ်-ရှမ်းပြည်အဖွဲ့ထံ လာရောက်ရှင်းပြသည်။ ယခု ပြုလုပ်မည့်ပွဲသည် တရားဝင်ခွင့်ပြုထားကြောင်း၊ ထုတ်ပြန်ကြေညာချက်ရှိပါက ကြိုတင်၍ ပေးပို့ထား စေလိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ အကယ်၍ အထက်မှ နှောက်ယှက်တားဆီးမှုများ လုပ်ခဲ့ပါက မိမိ၏ ပုခုံးထက်မှ နှစ်ပွင့်ပြုတ်ချင်ပြုတ်သွားပါစေ အာမခံကြောင်း တောင်ကြီးအက်စ်ဘီအရာရှိ ရဲလှမောင်က ရှမ်း ခေါင်းဆောင်များ ရှေ့မှောက် ဝန်ခံဂတိပြုခဲ့ပါသည်။ (တကယ်တမ်း ရှမ်းအတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်များကို ဖမ်းဆီးပြီးသောအခါ နှစ်ပွင့်ပြုတ်ပြီး သုံးပွင့်ပိုင်ရှင် ရဲလှမောင် ဖြစ်သွားလေသည်)

ပင်လုံသို့ နောက်ဆုံးခရီးစဉ်

လွိုင်လင်မြို့၏ အရှေ့ဘက်ကုန်းပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ကို ၂ဝဝ၂-ခုနှစ်တွင် တည်ထားပါသည်။ နအဖခေတ်တွင် ဖောင်းပွသော တပ်ရင်းအသစ်များ တည်ထောင်သောအခါ မူလတပ်ရင်းများမှ တပ်စုတစ်စုစီ တောင်းခံပြီး တပ်ရင်း တစ်ခုဖြစ်အောင် ဖြည့်တင်းလေသည်။ ရှိရင်းစွဲတပ်ရင်းမှူးကလည်း တပ်စုတစ်စုကို ပေးရာတွင် အဆိုးဆုံး၊ အမိုက်ရိုင်းဆုံး၊ စာရိတ္တပျက်ပြားသူများကို စုဆောင်းပြီး တပ်စုတစ်စု ဖြစ်အောင် ထုတ်ပေးလိုက်သည်။ ထို့ကြောင့်လည်း တပ်ရင်းအသစ်များတွင် ပြဿနာပေါင်း မြောက်မြားစွာ ကြုံတွေ့နေရသည်။ ယခုလည်း တိုင်းမှူးခင်မောင်မြင့် လက်ထက်တွင် မောက်မယ်မြို့မှ တပ်ရင်း အသစ် (ခ-မ-ရ-၂၃၁-) တွင် တပ်ပြေးမှုကြီး ဖြစ်ပွားခဲ့သည်။

လက်နက်ကြီးငယ် ကိုင်ဆောင်ပြီး တပ်သား (၁၂)ယောက် တောခိုသွားခဲ့သည်။ တဖန် လွိုင်လင်မြို့ပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်တွင် တပ်တွင်း အချုပ်ကျနေသော တပ်သားများက အချုပ်ကိုဖောက်ကာ လက်နက်တိုက်ကို ဝင်စီးခဲ့သည်။ ယင်းနောက် တပ်ရင်းမှူး၏ မာစတာဂျစ်ကားကို ဝင်လုသည်အထိ ဖြစ်ပွားခဲ့သည်။ တပ်ရင်းမှ မထွက်ခွာမှီ နောက်ဆုံးတွင် ဆက်သွယ်ရေးစက်များကိုပါ သယ်ဆောင်သွားသည်။ ဆက်သွယ်ရေးစက်များကို စောင့်ကြပ်နေသော တပ်ကြပ်ကြီးက စက်များကို ယူဆောင်ပါက မိမိ၏ ကာဘိုင်သေနတ်နှင့် မိမိအား ပစ်သတ်သွားပါဟု တောင်းပန်သောအခါ တပ်ပြေးရဲဘော်များ စိတ်မကောင်း ဖြစ်သွားရသည်။

khin-maung-myint-4

ဦးအောင်ခမ်းထီ၊ ဗိုလ်ခင်ညွှန့်၊ စောတာကလယ်နဲ့ ဗိုလ်ခင်မောင်မြင့်တို့အား အတူတကွ တွေ့ရစဉ်

ဆရာရင်းလည်း ဖြစ်နေသောကြောင့် တောခို တပ်သားများသည် နောက်ဆုံးတွင် ကာဘိုင် သေနတ်နှင့် တပ်ကြပ်ကြီးကို ကြိုးဖြင့် တုတ်နှောင်လိုက်ကြပြီး ရှိခိုးဦးချ ထွက်ခွာသွားလေတော့သည်။ ရဲဘော်အင်အား (၁၄) ယောက်၊ လက်နက်တိုက်မှ အကောင်းဆုံးလက်နက်များ၊ တပ်ရင်းမှူး၏ကား၊ ဆက်သွယ်ရေးစက်များနှင့် တောခိုသွားသော နေ့သည် ၂ဝဝ၅-ဖေဖော်ဝါရီလ (၄)ရက်နေ့ည ဖြစ်သည်။ ၂ဝဝ၅-ခုနှစ်၏ အကြီးမားဆုံး တပ်တွင်းပုန်ကန် ထွက်ပြေးမှု ဖြစ်သွားလေတော့သည်။ ထို့ကြောင့်လည်း တိုင်းမှူးခင်မောင်မြင့်သည် မိမိ၏ ငယ်ထိပ်ကို မြွေပွေး ပေါက်သလို ခံစားရပြီး အလျင်အမြန် သွားရောက် စစ်ဆေးရလေသည်။

ဤသို့ တပ်တွင်းပုန်ကန်မှု ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းအပေါ် သွားရောက် ဖြေရှင်းနေရ၍ ဗိုလ်ခင်မောင်မြင့် အနေဖြင့် မိမိနှုတ်ဂတိပေးခဲ့သော ရှမ်းပြည်ခေါင်းဆောင်များအား မိမိအနေဖြင့် အခမ်းအနားသို့ မတက်ရောက်နိုင်တော့ခြင်းအပေါ် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်း အက်စ်ဘီရဲလှမောင် မှတဆင့် တောင်းပန်စကား ပါးလိုက်ရလေသည်။

အကြီးမားဆုံး တပ်တွင်းပုန်ကန်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည့် လွိုင်လင် လေကြောင်းရန် ကာကွယ်ရေးတပ်ကိုလည်း အသေးစိတ် စစ်ဆေးပြီး အထက်ကို အစီရင်ခံ တင်ပြနေရသည်။ လေကြောင်းရန်ကာကွယ်ရေး အဓိပတိဖြစ်သူ ဗိုလ်စိုးဝင်းကလည်း အချိန်ပြည့် ဆူပူကြိမ်းမောင်းနေသောကြောင့် ဗိုလ်ခင်မောင်မြင့်သည် မိမိသွားချင်လှသော ပင်လုံကျောက်တိုင်ကို အဝေးမှသာ လှမ်း၍ ငေးကြည့် ခဲ့ရလေတော့သည်။

အနောက်မှသည် အရှေ့ဆီသို့

ထို့နောက် ဗိုလ်ခင်မောင်မြင့်ကို ရပခ တိုင်းမှူးမှ နပခ တိုင်းမှူးအဖြစ် ပြောင်းရွေ့ကာ ခန့်ထားလိုက်ပါတော့သည်။ ရာထူးမတိုးဘဲ တိုင်းမှူးအဆင့်နဲ့သာ ရခိုင်ပြည်သို့ ပို့လိုက်သည်မှာ စစ်တပ်လောကအဖို့ ရာထူးချသူများကို ဒါဏ်ပေးခြင်း တစ်မျိုးသာ ဖြစ်ပါသည်။ ရ-ပ-ခ စစ်တိုင်းမှူးဘဝသည် လွန်စွာ လာဘ်ရွှင်သည်။ ငြိမ်းအဖွဲ့များ ပေါများသောကြောင့်လည်း အမြဲတမ်းလိုလို လာဘ်ပူဇော်ခံရသည်။ ယခုရခိုင်ပြည် န-ပ-ခ သည် ရှမ်းပြည်ထက် လာဘ်ပူဇော်ခံရမှု နည်းပါးသည်။ ဖြစ်ကြောင်း စုံလင် ရင်ဖွင့်ရမည် ဆိုပါက ရ-ပ-ခ စစ်တိုင်းမှ တိုင်းမှူးတိုင်း လိုလိုသည် တဆင့်မြင့်၍ ရာထူးတက်သွားကြသည့် ထုံးစံမြင်ခဲ့ရသည်။

ဗိုလ်ခင်မောင်မြင့် လက်ထက်ကျမှ တစ်နိုင်ငံလုံးတွင် စစ်ပြေးအများဆုံးပြစ်မှု၊ ငြိမ်းအဖွဲ့များအပေါ် သဘောထားပျော့ပြောင်းမှု (ဥပမာ -ရလလဖ- အဖွဲ့တွင်း ဥက္ကဌဟောင်း စောတာကလယ်နှင့် ဘိန်းရာဇာ ခွန်ချစ်မေါင်တို့ကြား ပြဿနာကို ကိုင်တွယ်ရာတွင် တရားချ၍ စေ့စပ်ပေးခြင်း)၊ ရှမ်းပြည်အမျိုးသားနေ့တွင် သဘာပတိအဖြစ် တက်ရောက်ရန် လက်ခံလိုက်ခြင်း (အက်စ်ဘီရဲလှမောင်၏ အစီရင်ခံတိုင်ချက်)နှင့် အဆိုးဆုံးပြစ်မှုဖြစ်သည့် သမိုင်းဝင် ပင်လုံကျောက်တိုင်ကို ကြွေပြားခင်း ပြုပြင်ခြင်း (ထောက်လှမ်းရေးတပ်မှူး-မင်းလွင်၏ တိုင်တန်းချက်) တို့ကြောင့် ဗိုလ်ခင်မောင်မြင့်မှာ စစ်ကော်မရှင်အဖွဲ့က ရာထူးချသည့် အနေဖြင့် ရခိုင်သို့ တစ်နှစ်ကျော် ပို့ခြင်းခံလိုက်ရလေသည်။

ရခိုင်ပြည်တွင် တိုင်းမှူးဘ၀နဲ့ နေစဉ်အတွင်း တိုက်ဆိုင်မှုက ထပ်မံကြုံရပြန်သည်။ မိမိအား ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ သဘာပတိလုပ်ရန် အဓိကဖိတ်ကြားလိုက်သော မျိုးဆက်သစ်-ရှမ်းပြည် အဖွဲ့ခေါင်းဆောင် ဦးမြင့်သန်းနှင့် ရခိုင်ပြည်တွင် ရေစက်ဆုံရပြန်သည်။ ၂ဝဝ၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ၅၈-နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ကျင်းပဖို့ရန် တရားဝင် ခွင့်တောင်းခံလာသောကြောင့် တိုင်းမှူးအနေဖြင့် ခွင့်ပြုလိုက်သည့်အပြင် သဘာပတိ လုပ်ဖို့ရန်လည်း လက်ခံခဲ့မိပါသည်။ မိမိအား အကြီးအကျယ် ဒုက္ခပေးခဲ့သော လွိုင်လင် တပ်ပြေးကိစ္စကို သွားရောက်စစ်ဆေးနေခိုက် အခမ်းအနား တက်ရောက်သူတိုင်းကို ရန်ကုန်အာဏာပိုင်များ ကိုယ်တိုင် လာရောက်ဖမ်းဆီးကြလေသည်။ တစုံတရာ မှားယွင်းခြင်း မရှိခဲ့ပါ။ အခမ်းအနား ထုတ်ပြန် ကြေညာချက်များကိုလည်း ဖေဖော်ဝါရီ (၅)ရက်ကတည်းက ရရှိထားပြီးဖြစ်သည်။

နိုင်ငံတော်ကို အကြည်အညို ပျက်စေသော အသုံးအနှုန်းတစ်ခုမှ မပါဝင်ပါ။ ညစာစားပွဲမှတ်တမ်းကိုလည်း ရန်ကုန်ကျောင်းသားခေါင်းဆောင်ဆိုသူ မောင်အေးလွင်နှင့် ဦးဇင်အောင်တို့က မှတ်တမ်းတင် ပေးပို့ထားသောကြောင့် ဗီဒီယိုခွေကို ကြည့်ရှုသောအခါတွင်လည်း ပြောဆိုသော စကားများသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေသော စကားများ လုံးဝမတွေ့ရပါ။ အဓိပ္ပါယ်ကားရှင်းပါသည်။ မျိုးချစ်ရှမ်းပြည်နိုင်ငံရေး အင်အားစုများ ညီညွတ်ခြင်းကို စစ်ကောင်စီအနေဖြင့် ကြောက်လန့်သွားခြင်းနှင့် ညောင်နှစ်ပင်ကို ဆန့်ကျင် ထွက်လာသော ခွန်ထွန်းဦးပါတီကို ရိုက်ချိုးချင်သောကြောင့် တပ်ချုပ်ကြီးနှင့် ဗိုလ်ရွှေမန်းတို့ ကိုယ်တိုင် အမိန့်ပေး ဖမ်းခိုင်းခြင်း ဖြစ်ပါသည်။

ဦးခွန်ထွန်းဦး အပါအ၀င် ရှမ်းခေါင်းဆောင် (၈)ယောက်ကို စုစုပေါင်းထောင်ဒဏ် နှစ်ပေါင်း (၆၉၇)နှစ် ချမှတ်လိုက်ပြီး ယင်းတို့ထဲမှ ဦးမြင့်သန်းသည် သံတွဲထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရပါသည်။ ၂ဝဝ၆-ခုနှစ်၊ မေလဆန်းပိုင်းတွင် မာလာမုန်တိုင်း တိုက်ခတ်၍ ရခိုင်ပြည်ရှိ ကျောက်ဖြူနှင့် သံတွဲဒေသမှာ မုန်တိုင်းဒါဏ်ကို အနည်းငယ် ခံလိုက်ရသည်။ ထိုအချိန်တွင် မုန်တိုင်းဒါဏ်ခံရသည့် သံတွဲမြို့ကို ဗိုလ်ခင်မောင်မြင့် စစ်ဆေးနေခိုက် နိုင်ငံရေးအကျဉ်းသား အသုဘကို ရဲများ တင်းကြပ်သည့် ကြားမှပင် သံတွဲပြည်သူလူထု အများအပြား လိုက်လံပို့ဆောင်ကြ၍ စည်ကားနေသည့် သတင်းဝင်လာသည်။ ထူးဆန်းသော အသုဘကို စုံစမ်းခိုင်းလိုက်ရာ သေဆုံးသူမှာ ရှမ်းပြည် နိုင်ငံရေး အကျဉ်းသားနှင့် မိမိအား ရှမ်းပြည် အမျိုးသားနေ့တွင် သဘာပတိအဖြစ် ဖိတ်စာကမ်းလှမ်းခဲ့သော ဦးမြင့်သန်း ဖြစ်နေလေသည်။ ထို့ကြောင့်လည်း ဗိုလ်ခင်မောင်မြင့်သည် အသုဘ ပို့ဆောင်သူများကို အတင်းအကြပ် တားဆီးခြင်းမပြုရန် ကိုယ်ရေးအရာရှိမှတဆင့် အမိန့်ပေးလိုက် လေတော့သည်။

ဓါတ်တိုင်ဝန်ကြီး ဖြစ်ရှာပြီ

ထိုမှတဆင့် ၂ဝဝ၆-ဇွန်လတွင် နပခ စစ်တိုင်းမှူးဘဝမှ ရာထူးလျောကျကာ အမှတ် (၂)လျှပ်စစ်ဝန်ကြီး ရာထူးဖြင့် လျှပ်စစ်မီး ထိန်ထိန်လင်းနိုင်ရေးအတွက် ဓါတ်တိုင်များကို ဝန်ကြီး ဗိုလ်ခင်မောင်မြင့်သည် အချိန်ပြည့် စစ်ဆေးနေ ရတော့သည်။ နေပြည်တော်ရှိ တပ်မတော်နေ့စစ်ရေးပြပွဲတွင် ဗိုလ်လောင်းဘဝကာလ ရေသည်ပြဇာတ်ကို ကပြစဉ်က ပါးစပ်ဆိုင်းတီး၍ ကူညီခဲ့ကြသော ငယ်ပေါင်းများဖြစ်သည့် ရဲမြင့်၊ ခင်ဇော်၊ မင်းအောင်လှိုင်နှင့်သာအေးတို့ကို တတိယ အထူးတန်း ခုံနေရာများတွင် တွေ့နေရသည်။ ရေသည်ဇာတ်ကောင် ခင်မောင်မြင့် တစ်ယောက် အပြင်မှနေ၍ လျှပ်စစ်မီးများအချိန်ပြည့်လင်းနိုင်ရေးအတွက် အလုပ်ရှုပ်နေသည်။ အခမ်းအနားပြီးသောအခါ ငယ်သူငယ်ချင်းများက စိတ်မကောင်းသောမျက်နှာဖြင့် ကြည့်ရှုသောအခါ လွန်စွာ ခံရခက် နေရပါသည်။

ပြင်ဦးလွင်ခေါ် မေမြို့သည် ထူးထူးခြားခြား မီးထိန်ထိန်လင်းနေသည်မှာ သုံးရက်ပြည့်နေပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲကို တပ်ချုပ်ကြီး ကိုယ်တိုင် တက်ရောက်သောကြောင့် မီးများလင်းနိုင်ဖို့ ဝန်ကြီး ခင်မောင်မြင့်၏ စွမ်းဆောင်ချက်ဖြစ်သည်။ သင်တန်းဆင်း ညစာစားပွဲတွင်လည်း လျှပ်စစ်မီးများ ထိန်ထိန်ညီးအောင် ထွန်းထားပေးသော ဝန်ကြီး ခင်မောင်မြင့်ကို ငယ်သူငယ်ချင်းများက ချီးကျူးနေကြသည်။ ၄င်းချီးကျူးသံများကို တပ်ချုပ်ကြီး ကြားသိသောအခါ စိတ်ဆိုးသည့်ဟန်ဖြင့် “ဘာမဟုတ်တဲ့ ပင်လုံ ကျောက်တိုင်ကို… ကိုးကွယ်ချင်တဲ့ကောင်၊ ဒါကြောင့် ဓါတ်တိုင်ရာထူးပေးထားတာ ဘယ်နေ့ဓါတ်လိုက် သေမလဲဆိုတာ စောင့်ကြည့်ကြပေါ့ကွာ၊ အဲ့ဒါမင်းတို့လည်း သင်ခန်းစာယူထားကြ” ဟု စစ်တိုင်းမှူးကြီး များကို သြဝါဒ ပေးလိုက်လေသည်။

ရွှေမန်းမြေခေါ် မန္တလေးမြို့သည် လျှပ်စစ်မီးများ ကွက်တိကွက်ကျားလင်းနေသည်မှာ သုံးရက်ရှိပြီ။ အဘယ်ကြောင့် ဆိုသော် ပြင်ဦးလွင်ဓါတ်အားလိုင်းထဲသို့ လျှပ်စစ်အားများ ဖြည့်တင်းနေသောကြောင့် အလှည့်ကျ မီးဖြတ်စနစ်ဖြင့် မန္တလေးကို အမှောင်ချနေသော ဝန်ကြီးခင်မောင်မြင့်လက်ချက်ဖြစ်သည်။ မီးမှောင်အောက်မှ အချို့သောအပျော်ကျူး ရွှင်မြူးနေသော သူများကိုမြင်ယောင်နေသော လျှပ်စစ်ဝန်ကြီး ခင်မောင်မြင့်တယောက် တကိုယ်တည်း သက်ပြင်းချ ညီးငြူမိတာက “အော်… အဖေဖြစ်တဲ့ တပ်ချုပ်ကြီးခမျာ မီးရောင်အောက်က ထမင်းစားပွဲမှာ အားပါးတရ စားသောက်နေတဲ့အချိန် …သမီးတော်လေးတွေက မီးမှောင်အောက်မှာ တရုတ်ပေါက်ဖော်လေးတွေနဲ့ ဒူးတိုက် သံစဉ်လှိုင်း….ခံစားနေကြတာကို တပ်ချုပ်ကြီး တယောက် မသိရှာလေဘူး….” ဟူသတည်း။

မှတ်ချက်။ ။ ဤစောင်းပါးကို ကိုဖိုးတရုတ် စာမျက်နှာမှ ပြန်လည်ကူးယူ ဖေါ်ပြထားခြင်းဖြစ်သည်။

[More]
၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ဥက္ကဋ္ဌ ဦးတင်အေး၊ အတွင်းရေးမှူး ဦးစိုးသိမ်း ဦးဆောင်သော တိုင်းရင်းသား စာပေယဉ်ကျေးမှုကော်မတီကို ရန်ကုန်တက္ကသိုက်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ဤကော်မတီ၏ လက်အောက်တွင် ဆပ်ကော်မတီအသီးသီးဖြင့် ဖွဲ့စည်းခဲ့ သည်။ ၎င်းတို့မှာ-

1. ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
2. ကယားတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
3. ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
4. ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
5. ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
6. မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
7. ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
8. ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
9. ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ တို့ကိုဖွဲ့စည်းထားသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကိုမူ ပြောဆိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရန်ကုန် တက္ကသိုလ် မြန်မာစာပါမောက္ခ နိုင်ငံတော်ကော်စီဝင်(ရှမ်းပြည်နယ်)ဦးတင်အေးမှ ကျေးဇူး ဥပကာရပြုမှုဖြင့် သီးခြားဖွဲ့စည်းခွင့်ရခဲ့သည်။ သိုဖြစ်၍ တက္ကသိုလ်များရန်ကုန်တွင် စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။)

ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကို-

* ၁၉၆၅ တွင် ရန်ကုန်တက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ် ကော်မတီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။
* ၁၉၇၁ ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့တွင် တောင်ကြီးကော်လိပ်(ယခု တောင်ကြီးတက္ကသိုလ်) ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီကို စတင်ဖွဲ့ စည်းနိုင်ခဲ့သည်။
* ၁၉၇၁ ခုနှစ်တွင် မော်လမြိုင်ကောလိပ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ် ကော်မတီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။
* ၁၉၇၃ ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။
* ၁၉၇၉ ခုနှစ်တွင် ပျဉ်းမနား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၂) အပိုဒ်(၂၁) အပိုဒ်ခွဲ(ခ)အရ ပအိုဝ်း တိုင်းရင်းသားတို့သည် မြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို-

1. ၁၉၇၂ ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့ပြီး ၁၉၇၃၊ ၁၉၈၁ခု နိုဝင်ဘာလ(၂၂)ရက်၊ ၁၉၈၅ ခု ဧပြီလ(၅)ရက်၊ ၁၉၈၅ ခု ဒီဇင်ဘာလ(၈)ရက်၊ ၁၉၈၈ ခုနှစ်များအတွင်းတွင် အဆင့်ဆင့်တိုးမြှင့်ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်။
2. ၁၉၇၃ ခုနှစ်တွင် ဆီဆိုင်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်း ပြီး ၁၉၉၄ ခု မတ်လ(၁)ရက်နေ့တွင် တိုးမြှင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
3. ၁၉၇၄ ခု ဇန္န၀ါရီလ(၁၃)ရက်နေ့တွင် ကယားပြည်နယ် လွိုင်လင်မြို့နယ် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
4. ၁၉၇၅ ခုနှစ်တွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
5. ၁၉၇၆ ခုနှစ်တွင် အသင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ရန် စတင်စည်းရုံးခဲ့သော်လည်း ၁၉၉၃ ခု ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကလောမြို့နယ် အောင်ပန်းမြို့ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
6. ၁၉၉၃ ခု ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ပင်ဖြစ်ကျေးရွာ၌ ရပ်ဆောက်မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
7. ၁၉၉၄ ခုနှစ်တွင် ဟိုပုန်းမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင် ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ် ရေးဗဟိုအဖွဲ့သို့ အသင်းအဖွဲ့မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ထား လျက်ရှိသည်။
8. ၁၉၉၄ ခု ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
9. ၁၉၇၅ ခု ဇန္န၀ါရီလ(၁၀)ရက်နေ့တွင် ပဲခူးတိုင်း။ ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
10. ၁၉၉၃ ခု ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းခွင့်အမှတ်(၁၀၇၄)ဖြင့်၊ ၁၉၉၄ ခုနှစ် မေလ(၉)ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
11. ၁၉၉၅ ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် စတင်စည်းရုံးလှုပ်ရှား၍ သြဂုတ်လ(၁) ရက်နေ့တွင် ရွာငံမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
12. သထုံမြို့နယ် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ကို ၁၉----

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကို တည်ထောင်ခြင်း။
၁၉၈၄ ခုနှစ်ကတည်းကပင် အသင်းအဖွဲ့၏ ဖွဲ့စည်းခွင့်မှတ်ပုံတင်ရရှိရေးအတွက် တောင်ကြီး မြို့ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တောင်ကြီးမြို့နယ်ကောင်စီထံသို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ လျှောက်ထားခဲ့သော်လည်း အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို မရရှိခဲ့ချေ။

၁၉၉၃ ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့တွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ကော်မတီကို နာယက(၅)ဦး၊ အလုပ်အမှုဆောင်အဖွဲ့ (၂၇)ဦးတို့ဖြင့် ပအစယ(ဗဟို)ကို မှတ်ပုံတင်နိုင်ရေး အတွက် ဖွဲ့စည်းခဲ့၍ အောက်တိုဘာလ(၂၅)ရက်စွဲဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို နောက် ထပ်တစ်ကြိမ် လျှောက်ထားခဲ့ပြန်သည်။ သို့သော်လည်း ၁၉၉၆ ခုနှစ် မတ်လ(၂၂) ရက်နေ့ ရောက်မှသာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ် ရေးဗဟို အဖွဲ့မှ ဖွဲ့စည်းခွင့် အမှတ်(၁၇၉၅)ဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ကို တရားဝင် စတင်ဖွဲ့စည်းခွင့် ရခဲ့သည်။

မှတ်ချက်။ ။ ခွိုပအိုဝ်း စာမျက်နှာ ပြန်လည်တင်ပြခြင်းဖြစ်သည်။
[More]

FBR REPORT: Girl Gang Raped and Man Has Hands Cut Off by Burma Army soldiers in Shan State

Shan State, Burma

4 June, 2009


A 15-year-old girl was raped by 12 Burma Army soldiers in Shan State according to information from the PaO National Liberation Organization. The soldiers from Light Infantry Battalion 426, including battalion commander Nyunt Oo, raped the girl on May 14 in an orange grove where she had been working. She is now in Taunggyi hospital.


Soldiers from the same LIB cut the hands off U Khun Lon, 35, from Kawn Tai village, Tan Yaan village area, Hsi Hseng district, southern Shan state, on May 18. The 13 soldiers forced the villagers together, tortured them and accused them of communicating with the resistance groups. Another man called Win Bo was hit several times with the butt of a rifle and seriously injured. The soldiers also burned down a house and took Win Bo and a further 18 villagers to Chee Ta Lee temple and tied them up. An attack on Burma Army soldiers on May 3 in the same area left 12 of these soldiers dead.


U Khun Main, 43, headman of Pan Nyo village in Sai Khow village area, also Hsi Hseng district, was cut around his head with a machete and beaten with rifle butts on May 23 by soldiers under Captain Sun Aung from the same LIB. He was seriously injured and is confined to his bed according to the PNLO.


On May 20, the LIB 421 led by Major Yae Htut came to Daw Na Kalu village on the Shan/Karenni border and stole from the villagers. They took five and a half kyat Tha of gold (worth approx US$2,619) and 11 silver coins worth about US$70 and 1.57 million kyat in cash (worth approx US$ 1,246). The soldiers also stole animals and told the villagers in East Paung Chaung they could not leave the village between 6pm and 6am.


According to information from the PNLO, since May 24, LIBs 425 and 426 are not allowing the PaO National Organization to go east of the road connecting Ho Pong and Hsi Hseng and are arresting anyone in camouflage clothes.


Some 500,000 PaO live in Shan State. The PNO signed a ceasefire with the SPDC in 1991, but soldiers of the PNLO continue to fight for independence.


www.freeburmarangers.org

[More]
တောင်ကြီးမြို့တော်သည် အင်္ဂလိပ်မ၀င်လာခင်နှင့် မြို့မတည်ခင် အချိန်ကတည်းက ဒုံတောင်းတီ ဆိုသော ပအိုဝ်းရွာတစ်ရွာရှိခဲ့သည်။ ထိုရွာဦးဘုန်းကြီးကျောင်းသည် မွဉ်ခြဲုင် ကျောင်းဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၇၄၇ ခုနှစ်ဝန်းကျင်တါင် တောင်ကြီးမြို့တကျောလုံး တွင် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းတစ်ကျောင်းသာ ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖက်ဆစ် ဂျပန်များဝင်လာသောအခါ ထိုမွဉ်ခြဲုင်ဘုန်းကြီးကျောင်းက ဗုံးကြဲခြင်းခံရပြီး ပျက်စီးသွားခဲ့ သည်။ ဂျပန်ခေတ်အတွင်း မွဉ်ခြဲုင်ဘုန်းကြီးရှစ်ပါးမြောက်ကျောင်းထိုင်ဆရာတော် ဦးနရိန္ဒ သည် အောက်မြန်မာပြည် သထုံဘက်ဇာတိဖြစ်သည်။

၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ဗုံးကြဲခြင်းခံရသည့် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းကို အသစ်ပြန်လည် တည်ဆောက်ရေးအတွက် နောင်ကာဆရာတော် ဦးပဏ္ဍိတ၊ ထမ်းဆရာ တော် ဦးဉာဏနှင့် ၀င်းယဦးပဉ္စင်း ဦးကုမ္မာ တို့အချင်းချင်းညှိနှိုင်းတိုင်ပင်ကြပြီး ဘုန်းကြီး ကျောင်းကို ပြန်လည်တည်ဆောက်ရန်အတွက် အခြားဆရာတော်များနှင့် ဒကာများကို စည်းရုံးနိုးဆော်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် မွဉ်ခြဲုင်ကျောင်း၌ ဆရာ တော်အပါး(၁၀၀) အစည်းအဝေးကျင်းပခဲ့ပြီး ကျောင်းဆောင်သစ် ဖြစ်မြောက်ရေးအတွက် (၁၆)နယ်မှ ဆရာတော်ကြီးများကို တာဝန်ယူဆောင်ရွက်စေခဲ့သည်။

၁၉၄၇ ခုနှစ် ဇန္န၀ါရီလ (၆)ရက်နေ့တွင် သံဃာတော်အပါး(၂၀၀)နှင့် ဒါကာအဖွဲ့များသည် တည်ဆောက်မည့်ကျောင်းပုံစုံကို စည်းဝေးထိုင်ခဲ့ကြသည်။ အများဆန္ဒဖြင့် တောင်နှင့် မြောက်အလျား ပေ(၁၂၀)၊ အရှေ့နှင့်အနောက်အနံ ပေ (၂၀၀)၊ အနက် (၉)ပေဖြင့် ကျောင်းပုံစံအကြမ်းရေးဆွဲကြသည်။

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄)ရက်နေ့တွင် ဆရာတော်များနှင့် ဒါကာညီညာပေါင်းစု ညီညွတ်မှုအင်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့၌ ကျောင်းကြီးကို စတင် အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုကျောင်းကြီး တည်ဆောက်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရသဖြင့် တော်တော်နှင့် မပြီးစီးနိုင်သဖြင့် “တိုင်တူပြီးတောင်ကျောင်းကြီး” သော် လည်းကောင်း၊ “ဆောက်လုပ်မပြီးတောင်ကျောင်းကြီး” သော်လည်းကောင်း ပြောစမှတ်ပြု ခဲ့ကြသည်။ “ကြိုးစားရင် ဘုရားဖြစ်နိုင်သည်” ဟူသောစကားအတိုင်း တစတစကြိုးစားခဲ့ရာ (၅)နှစ်ကြာမှ အောင်မြင်ပြီးစီးခဲ့လေသည်။

ထိုကျောင်းကြီးအောင်မြင်ရေးအတွက် ပအိုဝ်းအိမ်တိုင်းကို (၂)ကျပ်နှုန်းအထက်ဖြင့် ကောက်ခံခဲ့သည်။ ကျောင်းကြီးတည်ဆောက်ပြီးစီးသောအခါ ၀ါးနှင့်သစ်ဖိုးအပါအ၀င် (၅)သိန်းကျော်ကုန်ကြခဲ့ဟု သိရသည်။

မှတ်ချက်။ ။ ခွိုပအိုဝ်း စာမျက်နှာ ပြန်လည်ကူးယူဖေါ်ခြင်းဖြစ်သည်။
[More]
အရင်းရှင်စနစ်မတိုင်မှီ ရောမခေတ် ကုန်ခါနီး အေဒီ(၆)ရာစုမှစ၍ ဥရောပအလယ်ပိုင်းတွင် လှည့်လည်နေထိုင်ကြသော ဟန်လူမျိုးများ၊ ကျူတန်လူမျိုးများသည် ရောမအင်ပါယာကို မကြာခဏဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ အလယ်ခေတ်တွင်ကား ကျူတန်လူမျိုးတို့၏ ဒေသန္တရအလိုက် နယ်ပယ်ခွဲခြားအုပ်ချုပ်လာသော နည်းစနစ်လွမ်းမိုးလာခဲ့လေသည်။ ကျူတန်တို့သည် ရောမတို့၏ ဧကရာဇ်ဆန်သော လူနေမှုစနစ်ကို ဆန့်ကျင်ရာမှ ကာလ ကြာလာသောအခါ ကျူတန်တို့၏ ဒေသအလိုက်နေထိုင်အုပ်ချုပ်သောစနစ်နှင့် ရောမတို့၏ ဧကရာဇ်ဆန်သော နေထိုင်မှုစနစ်တို့ရောယှက်လာပြီး ပဒေသရာဇ်စနစ်တစ်မျိုး ဥရောပ တိုက်တစ်ခွေတွင် ပေါ်ပေါက်လာခဲ့ရသည်။ ပဒေသရာဇ်စနစ်သည် မြို့စား၊ နယ်စားများက ဗဟိုမြို့တော်ရှိ ဧကရာဇ်မင်းတစ်ပါးကို အထိမ်းအမှတ်အားဖြင့် အသိအမှတ်ပြုကြသည်။ သို့သော် နယ်အုပ်ချုပ်ရေးအာဏာကိုမူ ပဒေသရာဇ်မင်းများ၏ လက်ထဲတွင်သာ ထားရှိ ကြလေသည်။

အင်းဝခေတ်တွင် ဟံသာဝတီဘုရင့်နောင်မင်းသည် ယိုးဒယား၊ ဇင်းမယ်၊ လင်းဇင်း အောင် နိုင်ပြီးနောက် ရှမ်းပြည်နယ်စားပယ်စား ပဒေသရာဇ်များကို စော်ဘွား၊ မြို့စား၊ ရွှေခွန်မှူး၊ ငွေခွန်မှူး၊ ဟိန်၊ ထမုန်၊ ကြော့ စသည်ဖြင့် အဆင့်အတန်း သတ်မှတ်ခွဲခြားပေးခဲ့သည်။ ပဒေသရာဇ်စော်ဘွားများသည် ဗမာဘုရင်၏ သစ္စာတော်ကို ခံယူကြောင့် တစ်နှစ်တစ်ကြိမ် မင်းနေပြည်တော်သို့ အခစားဝင်ရောက်ခြင်း၊ လက်ဆောင်ပဏ္ဍာဆက်သခြင်း ပြုပြီး မိမိ တို့အုပ်ချုပ်သော နယ်ပယ်အတွင်းတွင် သက်ဦးဆံပိုင်စနစ်သဖွယ် အုပ်စိုးခဲ့သည်။ ကုန်း ဘောင်ခေတ် ရောက်သောအခါ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့က ၁၈၂၄ မှ ၁၈၈၅ အထိ ကျူးကျော်စစ်သုံးကြိမ်ဖြင့် ဆင်နွဲပြီး ဗမာ့ဧကရာဇ်ဘုရင်စနစ်လည်း နိဂုံးချုပ်ခဲ့ရ သည်။ သို့သော်လည်း ရှမ်းပြည်နယ်တွင် ဗမာ့ဘုရင်၏ သစ္စာတော်ခံ ပဒေသရာဇ် စော်ဘွားများသည် ဆက်လက်ရှင်သန်လျက်ရှိသည်။

ဗြိတိသျှတို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ပြီးနောက် ၁၈၈၆ ခုနှစ် မေလ(၄) ရက်နေ့တွင် ရှမ်းပြည်ကို အိန္ဒိယပြည်နယ်အဖြစ် သိမ်းပိုက်ကြောင်း ကြေငြာခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ မြေလတ်ပိုင်းဟူ၍ ပိုင်းခြားအုပ်ချုပ် ခဲ့သည်။ ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်များ လက်စွဲဥပဒေကို သတ်မှတ်ကြေငြာခဲ့သည်။ ထိုလက်စွဲဥပဒေဖြင့် စော်ဘွားများ၊ မြို့စားများ၊ ငွေခွန်မှူးများ တို့အား Sanad ခေါ်အမိန့်ဖြင့် Shan Shief ရှမ်းအကြီးအကဲအဖြစ် လက်ဖတင်နင် ဂါဝါနာက အသိအမှတ်ပြုခန့်ထားခဲ့သည်။ ၁၈၉၅ ခုနှစ် ဇူလှိုင်လတွင် ရှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်းကို ဗြိတိသျှအုပ်ချုပ်ရေးအရာရှိ နှစ်ဦးခန့်အပ်ပြီး စော်ဘွားများအပေါ် ကြီးကြပ်အုပ်ချုပ်စေခဲ့သည်။ မြောက်ပိုင်းဆိုင်ရာအရေးပိုင်ရုံးကို လားရှိုး၌ သော်လည်း ကောင်း၊ တောင်ပိုင်းဆိုင်ရာအရေးပိုင်ရုံးကို တောင်ကြီး၌ သော်လည်းကောင်း ထားရှိခဲ့ သည်။

ဆာနာဒ် အမိန့်ဖြင့် ရှမ်းပြည်(၃၃)နယ်ကို ဗမာပြည်ဗြိတိသျှဝန်ကြီးများနှင့် ဥပဒေပြုလွှတ် တော်အပြင်ဘက်တွင် ထားရှိခဲ့သည်။ ပဒေသရာဇ်ရှမ်းပြည်သည် ဥပဒေပြုမှု၊ စံမံအုပ်ချုပ်မှု၊ တရားစီရင်မှု အာဏာများကို ဘုရင်ခံလက်တွင်း၌သာ ထားရှိခဲ့သည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ပေါင်း၍ ပဒေသရာဇ်ရှမ်းပြည်ဟု ကြေငြာသတ်မှတ်ခဲ့သည်။ ၁၉၂၃ ခုနှစ် မြန်မာပြည်မကို ဒိုင်အာခီ အုပ်ချုပ်ရေးတိုးမြင့်ပေးချိန်တွင် ပြည်မဥပဒေပြုကောင်စီက ပြုလုပ်သောအက်ဥပဒေများ သည် ပဒေသရာဇ်ရှမ်းပြည်ကို အာဏာသက်ရောက်ခြင်းမရှိခဲ့ပေ။ ထိုနည်းတူ ၁၉၃၇ တွင် မြန်မာပြည်အား(၉၁)ဌာန အုပ်ချုပ်ရေး ပြောင်းလဲတိုးမြင့်ပေးသောအခါလည်း ပဒေသရာဇ် ရှမ်းပြည်ကို အကျုံးမဝင်ခဲ့ပေ။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ပဒေသရာဇ်ရှမ်းပြည် သည် ဆက်လက်သီးသန့်ရှိခဲ့လေသည်။

ကျမ်းကိုး

* ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) စတုတ္ထအကြိမ်မြောက် တင် သွင်းမည့် ဗဟိုအလုပ်အမှုဆောင်အစီရင်ခံစာ မူကြမ်း
* ၁၉၅၈-၁၉၆၂ မြန်မာနိုင်ငံရေးဒုတိယတွဲ၊ ဒေါက်တာကြည်မြင့်နှင့် ဒေါက်တာ အယ်ဂျလင်း၊ ပထမအကြိမ်၊ ၁၉၉၁ ဇွန်လ။
* ပြည်ထောင်စုထဲ့က ပအိုဝ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ထုတ်ဝေ၊ ပထမအကြိမ် ၂၀၀၇။

မှတ်ချက်။ ။ ဤစောင်းပါးကို ခွိုပအိုဝ်း စာမျက်နှာ ပြန်လည်းကူးယူဖေါ်ပြခြင်းဖြစ်သည်။
[More]
E-mail Print
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် ကလေးငယ်များအား ရဲညွှန့်အဖြစ် နအဖ စစ်တပ်က အဓမ္မကောက်ယူနေ ကြောင်း သျှမ်းပြည်အရှေ့ ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။


ဧပြီလမှစ၍ မေလကုန်ပိုင်းအထိ မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ နှင့် ခလရ ၄၃ တို့က ဒေသအတွင်း လားဟူ ပြည်သူ့စစ် များနှင့်ပူးပေါင်းကာ မိုင်းပြင်းမြို့နယ် ပက်ကန့်ကျေးရွာအုပ်စု ကလေးငယ်များအား တရွာ ၅ယောက်နှုန်း မပေးမနေရ အဓမ္မကောက်ယူပြီး ယမန်နေ့ တနင်္လာနေ့က သျှမ်းပြည်တောင်ပိုင်း နမ့်ဇန် ရဲညွှန့်ကျောင်းသို့ပို့ ဆောင်လိုက် ဖြစ်ကြောင်းဆိုပါသည်။

ဗမာ့တပ်မတော်မှ ကလေးစစ်သားများ (ဓါတ်ပုံ www.flowersofhope4burma.org)


“ပက်ကန့်မှာ ကျေးရွာပေါင်း ၂၇ ရွာရှိတယ်၊ တရွာ ၅ ယောက်နှုန်း ပေးရတယ်၊ ကျောင်းထားပေးမယ် လို့ပြောတယ်။ ကျမသား ၁၂ နှစ် ဘဲရှိပါသေးတယ်၊ ဒီနှစ်ရှင်ပြုပေးမလို့ ပိုက်ဆံမလောက်သေးတာနဲ့ မလုပ်ရဘူး။ အခုဗမာစစ်သား တွေ ခေါ်သွားတော့ စိတ်ပူရတာပေါ့၊ နိုင်ငံရေးကလဲ မငြိမ်မသက်နဲ့ဆိုတော့ ဘာမှမသိတဲ့ ကလေးကိုရှေ့ တန်းတက် ခိုင်းပြီး တိုက်ပွဲမှာအသုံးပြုမှာကို အရမ်းစိုးရိမ်ရတယ်” - ဟု မိဘကလေး တဦးပြောပြသွားပါတယ်။

အမည်မဖေါ်လိုကျောင်းဆရာတဦးက- “ ရဲညွှန့်အတွက်လို့ ဆိုပြီးလာကောက်တာ အမှန်ကတော့ ကလေးတွေကို နမ့်ဇန် စစ်ကျောင်းပို့လိုက်တာဘဲ၊ မိဘအစုံရှိတဲ့ အရွယ်မရောက်ကလေးငယ်တွေကို အခုလိုအဓမ္မကောက်ယူ နေတာ ကလေးစစ်သားကောက်ယူမှု ကျူးလွန်တာဘဲ” ဟု ဆို၏။

အသက် ၁၂-၁၅ နှစ်အထိ ကလေးငယ်များအား စစ်သားအဖြစ် အဓမ္မကောက်ယူရာတွင် မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ မှ ဗိုလ်ကြီးသိန်းအောင် ၊ ခလရ ၄၃ မှ ဗိုလ်အောင်နိုင်နှင့် ကောင်းပက်က လားဟူ ပြည်သူ့စစ်အဖွဲ့ပူးပေါင်း နယ်လှည့် ကောက်ယူကြခြင်း ဖြစ်သည်ဟုဆိုပါသည်။

ပက်ကန့်ကျေးရွာအုပ်စုသည် သံလွင်အရှေ့ ခြမ်း မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် ခန့်တွင် တည်ရှိပြီး လားဟူ၊ ပလောင် နှင့် သျှမ်းလူမျိုးများအတူတကွ နေထိုင်ကြသည်။

မိုင်းပြင်းမြို့နယ် ကလေးငယ်များအား ဆင့်ခေါ်ကောက်ယူနေသည့်အပြင် မေလ ၁ ရက်နေ့မှ စ၍ အသက် ၁၈ နှစ်ပြည့်ပြီး သောလူငယ်များ နှင့် အိမ်ထောင်သည်အမျိုးသားများအားလည်း ပထမအသုတ်အဖြစ် ပြည်သူ့ စစ် မလုပ်မနေရ အယောက် ၁၀၀ ခေါ်ယူပြီး သင်တန်းကာလ ၂၀ ရက် ဖြင့် ခလရ ၄၃ အတွင်း တသုတ်ပြီးတသုတ် စစ်ရေးလေ့ကျင့် နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/90-2008-08-03-06-47-55/441-2009-06-02-09-53-19.html

[More]