ပါရာကွေးချန်ပီယံဖြစ်ရင် ကိုယ်တုံးလုံး ထွက်ပြေးမည်ဟု ဖက်ရှင်မော်ဒဲယ်မလေး ကြိမ်းဝါးထား

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၁) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါရာကွေးအသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရင် လမ်းမပေါ်တွင် အ၀တ်မပါပဲ ကိုယ်တုံးလုံးဖြင့် ထွက်ပြေးမည်ဟု အသက် ၂၄ နှစ်ရှိ ပါရာကွေး အတွင်းခံဖက်ရှင်မ Larissa Riquelm က ဂတိပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံအသင်းနဲ့ ယှဉ်ပြိုင် ကစားတဲ့ပွဲမှာ နိုင်ငံတော်အလံလေး ကိုင်ပြီး ပေါ်နေတဲ့ သူမရဲ့ရင်အုံသား နှစ်လုံးကြားမှာ လက်ကိုင်ဖုန်းလေးညပ်ထည့်ပြီးတော့ ပြည့်ကြပ်နေတဲ့ ကမ္ဘာ့ဖလားဘော်လုံးပွဲကို ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအကြား တက်ကြွစွာ အော်ဟစ် အားပေးနေတဲ့ နာမည်ကျော် ကိုယ်ဟန်ပြမယ်လေးကိုတော့ ဓာတ်ပုံဆရာ အများအပြား အတော်မျက်စိ ကျစေခဲ့ပါတယ်။

ဤကဲ့သို့ ကြိမ်းဝါးတာဟာ Larissa Riquelm တစ်ယောက်တည်းမဟုတ်ပေ။ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် မေလ ၂၄ ရက်နေ့မှာ အာဂျင်တီးနားက ကနေဒါကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းကစားပွဲအပြီး နောက်တနေ့မှာပဲ မရာဒိုနာက အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အနိုင် ကစားနိုင်ရင် အာဂျင်တီးနားရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ Buenos Aires မြို့အလယ်ခေါင်မှာ ကိုယ်တုံးလုံးထွက်ပြေးမယ်လို့ ရေဒီယိုအသံလွင့်အစီအစဉ်တစ်ခုမှာ မမျော်လင့်ပဲ ဂတိပေးပြောချ လိုက်တာပါ။

သူမရဲ့နိုင်ငံအသင်းက သရဖူကိုဆွတ်ခူးနိုင်ခဲ့ရင် အာဂျင်တီနားအသင်း နည်းပြ ဂန္ဓ၀င်ကစားသမား မာရာဒိုနာ ကြွေးကြော်ခဲ့သလို လမ်းမပေါ် ချီတက်မလားလို့ သတင်းထောက်များ မေးတဲ့အခါမှာတော့ “သိပ်သေချာတာပေါ့၊ ဒါပေမယ့် ကျမခန္ဓာကိုယ်မှာ ပါရာကွေးနိုင်ငံတော် အရောင် ဆေးသုတ်ပြီးတော့ ထွက်ပြေးမှာပါ” လို့ သူမကပြန် ပြောပါ တယ်။

ပါရာကွေးအသင်းဟာ လွန်ခဲ့တဲ့ဇွန်လ ၂၉ ရက်၊ ၁၆ သင်း ရှုံးထွက်ပွဲစဉ် ကစားတုန်းက ဂျပန်အသင်းကို ပဲန်နယ်တီအဆုံးအဖြတ်နဲ့ ၅ ဂိုး ၃ ဂိုး အနိုင်ယူပြီး၊ ကွားတာဖိုင်နယ်ပွဲစဉ်ကို လာမည့်ဇူလိုင်လ ၃ ရက်နေ့မှာ ပေါ်တူဂီအသင်းကို အနိုင်ယူပြီးတက်လာတဲ့ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။

မည့်သို့ဆိုစေ အသက် ၂၄ နှစ်အရွယ်ရှိ ပါရာကွေးအလှပိုင်ရှင် အတွင်းခံ ဟန်ပြမယ် သို့မဟုတ် ဂန္ဓ၀င်ကစားသမားဖြစ်တဲ့ ဘောလုံးအကျော်အမော် အာဂျင်တီးနားအသင်းနည်းပြတို့ ကိုယ်တုံးလုံးနဲ့ ထွက်ပြေးနိုင်ရဖို့အရေး ပါရာကွေးနဲ့ အာဂျင်တီးနားတို့ တစ်သင်း သို့မဟုတ် တစ်သင်း ကတော့ ဖိုင်နယ်ပြိုင်ပွဲ အဆင့် ၃ ဆင့်ကို ကျော်ဖြတ်နိုင်မသာ ဖြစ်ပါတယ်။

တစ်ခုရှိတာက ဂျာမနီနဲ့ စပိန်တို့က သာမညအသင်းတွေမဟုတ်တဲ့အတွက် အခန့်မသင့်ရင် မာရာဒိုနာနဲ့  Larissa Riquelm တို့ နှစ်သင်းစလုံးက ဒီလာမည့် စနေနေ့ ကစားမည့် ကွာတားဖိုင်နယ်ပွဲစဉ်မှာပဲ ကျဆုံးပြီး  နိဂုံးချုပ်သွားနိုင်ပါတယ်။
 

No comments: